Steve Jobs လို့ ပြောလိုက်ရင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူတစ်ဦး၊ စက်မှုပိုင်းဆိုင်ရာ ဒီဇိုင်နာတစ်ဦးအဖြစ် လူသိများထင်ရှားပါတယ်။

သူသည် စမတ်ကျသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ရုံသာမကဲ တီထွင်မှုအားကောင်းပြီး ကုန်ထုတ်စွမ်းအားများကိုလည်း မြှင့်တင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဈေးကွက်စီးပွားရေးကို အကွက်မြင်တတ်တဲ့အရည်အချင်းများနှင့်လည်း ပြည့်ဝတယ်ဆိုတာကို “Steve Jobs: One Last Thing” ဆိုတဲ့ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ကြည့်ဖူးမယ်ဆိုရင် တွေ့မြင်နိုင်ပါတယ်။

ဒီလိုမျိုး အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ရန်အတွက် ဘယ်လိုနည်းလမ်းတွေကို Steve Jobs တစ်ယောက် ကျင့်သုံးခဲ့သလဲဆိုတော့ …

ဘယ်အရာကို အာရုံစိုက်ရမလဲဆိုတာကို သူသိတယ်

secrets of Steve Jobs's successful lifestyle

Photo Source: Ithinkbigger.com

ဘယ်အရာကို မလုပ်ရဘူးလဲဆိုတာကို ဆုံးဖြတ်ရတာသည် ဘယ်အရာကို ပြုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ရသလိုပဲ အရေးကြီးပါတယ်။ ဘဝမှာ အရေးမကြီးတာကို အချိန်မပေးဖို့ လိုပါတယ်။

ရိုးရှင်းမှုကိုသာ ရှာဖွေတယ်

secrets of Steve Jobs's successful lifestyle

Photo Source: Thesawwave.com

ရိုးရှင်းခြင်းသည် ရှုပ်ထွေးခြင်းထက် ပို၍ ခက်ခဲပါတယ်။ သူ ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းမှန်သမျှကို ရိုးရိုးရှင်းရှင်းပုံစံဖြင့်သာ တီထွင်ထုတ်လုပ်ခဲ့တာပါ။ Steve Jobs ရဲ့ဒီစည်းမျဉ်းကို ကျွန်တော်တို့ရဲ့ဘဝမှာလည်း ပြန်လည်အသုံးချနိုင်ပါတယ်။

ငြင်းဆန်ဖို့ ဝန်မလေးဘူး

secrets of Steve Jobs's successful lifestyle

Photo Source: Providesupport.com

“အားနာလို့ အကူအညီတောင်းတာကို လက်ခံလိုက်တယ်။ အားနာလို့ သူ့ကို ဦးစားပေးလိုက်တယ်” စတဲ့ အားနာခြင်းယဉ်ကျေးမှုသည် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အင်မတန်အကြပ်အတည်းဖြစ်စေတဲ့ ကိုးလို့ကန့်လန့်ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။

Steve Jobs ကတော့ အဲ့လိုမဟုတ်ပါဘူး။ သူသည် အောင်မြင်တဲ့စီးပွားရေးသမားပီပီ ပြတ်သားပါတယ်။ သင်သည်လည်း စီးပွားရေး၊ မိမိရဲ့ပရော်ဖက်ရှင်နယ်အလုပ်နဲ့ ပတ်သက်လာလျှင် ပြတ်ပြတ်သားသားရှိတတ်ဖို့ လိုအပ်ပါတယ်။

ကိုယ် နှစ်သက်တဲ့အရာကို ရှာဖွေကာ ပြုလုပ်တယ်

secrets of Steve Jobs's successful lifestyle

အလုပ်မြန်မြန် ပြီးမြောက်ဖို့အတွက်ဆိုရင် ကိုယ် လုပ်နေတဲ့အလုပ်ကို ချစ်တတ်ဖို့ လိုပါတယ်။ သင် ချစ်တဲ့အလုပ်ကို ရှာမတွေ့သေးဘူးဆိုရင် တွေ့အောင် ဆက်လက်ရှာဖွေနေပါ။ အခြေတကျ နေထိုင်ကာ မဖြတ်သန်းဖို့ကိုလည်း Steve Jobs က ပြောကြားခဲ့ပါတယ်။

နေ့တစ်နေ့ကို သူရှင်သန်ရတဲ့ နောက်ဆုံးနေ့အဖြစ် သဘောထားတယ်

secrets of Steve Jobs's successful lifestyle

Steve Jobs အသက် ၁၇ နှစ်အရွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ စာသားတစ်ခုကို ဖတ်ခဲ့ရတယ်လို့ သူ ပြောခဲ့ပါတယ်။ “ကိုယ် အသက်ရှင်ရတဲ့ နေ့ရက်တိုင်းကို ကိုယ် ရှင်သန်ရတဲ့ နောက်ဆုံးနေ့အဖြစ် တွေးကြည့်တဲ့အခါ သင့်ရဲ့ဘဝကြီးက တဖြည်းဖြည်းနဲ့ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်” ဆိုတဲ့ စာသားလေးပဲဖြစ်ပါတယ်။

ကိုယ် နောက်ဆုံးအသက်ရှင်ရမယ့်ရက်မှာ ယနေ့ပြုလုပ်သွားရမယ့်အရာတွေကို ပြုလုပ်မယ်ဆိုရင် အသေဖြောင့်ပါ့မလား။ သင် ပျော်နိုင်ပါ့မလား။ မပျော်နိုင်ဘူးဆိုရင်တော့ သင် ပြုလုပ်နေတာတွေက မှားယွင်းနေလို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ လမ်းမှန်ကို ပြန်လည်ရွေးချယ်ဖို့ လိုအပ်နေပါပြီ။ လောကကြီးမှာ အရေးကြီးဆုံးကတော့ ကိုယ် နှစ်သက်ပြီး ကိုယ့်ကို ပျော်ရွှင်မှုပေးစေမယ့်အရာတွေကို ပြုလုပ်ဖို့ပဲမဟုတ်ပါလား။

Source: Dansilvestre.com