လက်ရှိ ချန်ပီယံရှစ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ QPR အသင်းအတွက် နည်းပြတာဝန်ယူထားရတဲ့ နည်းပြ မက္ကလာရင်ဟာ ၎င်းရဲ့ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီးလို့သိရပါတယ်။ အသက်(၅၇)နှစ်အရွှယ် နည်းပြမက္ကလာရင်ဟာ ၂၀၀၆ -၂၀၀၇ ဘောလုံးရာသီမှာ အင်္ဂလန်အသင်းရဲ့ နည်းပြအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ဖူးတဲ့ နည်းပြဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းဟာ QPR အသင်းကို ပြီးခဲ့တဲ့နွေရာသီလောက်မှ ရောက်ရှိလာကာ နည်းပြတာဝန် ထမ်းဆောင်နေခဲ့တာပါ။

Source – QPR

နည်းပြ မက္ကလာရင်ဟာ QPR အသင်းနဲ့ (၂) နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ QPR အသင်းဟာ မက္ကလာရင်ရဲ့ လမ်းညွှန်မှုအောက်မှာ ကစားပွဲပေါင်း (၄၆) ပွဲတိတိကစားခဲ့ပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ပွဲပေါင်း(၂၁) ပွဲတိတိ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး (၁၆) ပွဲသာ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ထို့အပြင် လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း နောက်ဆုံး (၅) ပွဲဆက် နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

Source – JOE.co.uk

ဒီလိုရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ QPR အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘော်လ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ထပ်မံ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာတော့ QPR အသင်းတာဝန်ရှိသူများအနေနဲ့ ဧပြီလ ၁ရက်နေ့ တနင်္လာနေ့မနက်မှာ မက္ကလာရင်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Source – Ghanasoccernet.com

QPR အသင်းတာဝန်ရှိသူတွေအနေနဲ့ “နည်းပြမက္ကလာရင်ဟာ ကျွန်တော်တို့အသင်းနဲ့အတူ အံ့သြစရာကောင်းလောက်အောင် အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် နောက်နှစ်ရာသီအတွက် အခုကတည်းက ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ ဒီနှစ်ဘောလုံးရာသီကုန်တဲ့အထိ မစောင့်တော့ဘဲ အခုလိုထုတ်ပယ်လိုက်တာဖြစ်တယ်လို့” ဆိုပါတယ်။