ရုပ်ရှင်တကားဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတခုမဟုတ်ပါဘူး။ အသေးစိတ်အချက်အလတ်တွေကအစ သတိထားပြီး ပြုပြင်ဖန်တီးရပါတယ်။ တစ်ချို့ရုပ်ရှင်တွေမှာဆိုရင် ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ကူးဖို့အတွက် ဧက (၅၀၀) လောက်ကျယ်တဲ့ ပြောင်းဖူးခင်းတွေ စိုက်ပျိုးရတာတွေရှိပါတယ်။

ဒီနေ့ kwee page ကပရိသတ်တွေ စိတ်ဝင်စားလောက်တဲ့ တစ်ချို့ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ နောက်ကွယ်ကအကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။

Sylvester Stallone ဟာ Rocky ဇာတ်လမ်းရိုက်ကူးပြီးသွားတဲ့အချိန်မှာ ဇာတ်လမ်းထဲမှာပါတဲ့ လိပ်နှစ်ကောင်ကို သူကိုယ်တိုင် ကျွေးမွေးပြုစုခဲ့ပါတယ်။ အခုဆိုရင် လိပ်နှစ်ကောင်စလုံးဟာ အသက် (၄၅) နှစ်ကျော်နေပါပြီ။

Christ Pratt က Guardians of the Galaxy ဇာတ်ကားမှာအသုံးပြုတဲ့ Star-Lord ဝတ်စုံကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခဲ့ဖူးပါတယ်။ အကြောင်းအရင်းကတော့ ဆေးရုံးမှာ ဖျားနာနေတဲ့ ကလေးတွေကို ဖျော်ဖြေဖို့ပါ။

The Theory of Everything ဇာတ်ကားထဲမှာပါတဲ့ တစ်ချို့ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေဟာ Stephen Hawking ကိုယ်တိုင်လှူဒါန်းထားတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ သူကိုယ်တိုင်ပြုစုပြီး လက်မှတ်ထိုးထားတဲ့ စာတမ်းနဲ့ Companion of Honour တို့ပဲဖြစ်ပါတယ်။

Godfather ထဲမှာပါတဲ့ ကြောင်လေးက ဇာတ်ညွှန်းရဲ့ အစိတ်အပိုင်းထဲမှာ မပါဝင်ဘူး။ ရုပ်ရှင်ရိုက်ကွင်းနားမှာ တွေ့တာကြောင့် ထည့်သွင်းရိုက်ကူးခဲ့ပြီး ဒီကြောင်ညည်းသံကြောင့်လည်း Marlon Brando ရဲ့ dialogue တွေလည်းထည့်သွင်းပြင်ဆင်တာတွေပြုလုပ်ခဲ့ရပါတယ်။

Interstellar မှာ ဇာတ်ဝင်ခန်းတစ်ခန်းရိုက်ကူးဖို့အတွက် ရုပ်ရှင်ဖန်တီးသူတွေဟာ ဧက (၅၀၀) ကျယ်ဝန်းတဲ့ ပြောင်းဖူးခင်းတစ်ခင်း စိုက်ပျိုးခဲ့ရပါတယ်။ နောက်ပိုင်းမှာ အမြတ်တင်ရောင်းချခဲ့တယ်။

Jurassic Part ဇာတ်ကားထဲက Velociraptors တွေရဲ့အသံတွေကို ကုန်းလိပ်တွေရဲ့အသံနဲ့ ပြုလုပ်ထားတာပါ။

Will Smith ဟာ I Am Legend ဇာတ်ကားထဲမှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ ခွေးလေး Abbey ကိုအရမ်းတွယ်တာခဲ့ပြီး မွေးစားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Abbey ရဲ့ပိုင်ရှင်က ခွင့်မပြုခဲ့ပါဘူး။

Angelina Jolie ရဲ့သမီး Vivenne Jolie-Pitt ဟာ Maleficent ဇာတ်ကားထဲမှာ ငယ်ရွယ်တဲ့ Aurora အဖြစ်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ Angelina Jolie ကိုဝတ်စုံအပြည့်အစုံနဲ့ မကြောက်တဲ့ ကလေးဆိုလို့ သူမပဲရှိခဲ့တာကြောင့် သရုပ်ဆောင်ခွင့်ရရှိခဲ့တာပါ။

Source: Bright Side