တစ်ခါတစ်လေ ကိုယ်လုပ်နေတာ မှားလို့မှားမှန်းမသိတာ အများကြီး။ ဒီထဲမှာ နေ့စဉ် ခန္ဓာကိုယ်သန့်ရှင်းရေးလို အသေးအဖွဲဆန်သလောက် အရေးကြီးတဲ့ အရာတွေကို တလွဲလုပ်မိတာလည်း အများကြီး။ ဒါနဲ့ပတ်သက်ပြီး အခုပြောမယ့် အလွဲတွေ ကွီးတို့လည်း လုပ်နေမိသလားဆိုတာ စစ်ကြည့်စေချင်ပါတယ်။

(၁) မုတ်ဆိတ်နဲ့ အလွဲ

Source: The Manual

မုတ်ဆိတ်ရိတ်တာကတော့ ပုံမှန်ယောကျာ်းလေးတွေ တစ်ပတ် ၁ ခါ အနည်းဆုံး လုပ်ဖြစ်တဲ့ နိစ္စဓူဝအလုပ်ထဲမှာ ပါတယ်လို့တောင် ပြောရမှာပါ။ တစ်ပတ် ၁ ခါလောက် လုပ်ရတဲ့ ဒီအလုပ်ကို နည်းနည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ချို့က မျက်နှာမှာ ရေတောင် မဆွတ်ဘဲ မုတ်ဆိတ်ရိတ်ပါတယ်။ ဒါက တော်တော်လေး လွဲပါတယ်။
တကယ်က မုတ်ဆိတ်ရိတ်ဖို့အတွက် ရေနွေးနွေးလေးနဲ့ ဆေးပေးထားပြီးမှ လုပ်ရင် ရေကြက်သီးနွေးကြောင့် မျက်နှာပြင်ပေါ်က ချွေးပေါက်တွေ ကျယ်လာပြီး မုတ်ဆိတ်ရိတ်ရာမှာလည်း ပိုပြီး သန့်ရှင်းစင်ကြယ်စေပါတယ်။ နောက်တစ်ခုက မုတ်ဆိတ်ရိတ်ရာမှာ Shave Cream တစ်ခု သို့မဟုတ် ဂျယ်လ်/လိုးရှင်း တစ်မျိုးမျိုး လိမ်းထားပြီးမှ Shave လုပ်တာက ဓါးရှနိုင်တာနဲ့ မုတ်ဆိတ်မပြောင်တဲ့ ပြဿနာတွေပါ ရှင်းပြီး ဖြစ်မှာပါ။

(၂) ရင်ဘတ်မွှေး ထားသင့်သလား

Source: gazblogs.com

ရင်ဘတ်မွှေးကလည်း ယောကျာ်းတွေမှာပဲ ပေါက်တဲ့ သဘာဝဖြစ်စဉ်ပါ။ နောက်တစ်ခုက ခန္ဓာကိုယ်မှာ မလိုချင်ရင် / ကောင်းကောင်း မထိန်းသိမ်းရင် အမှိုက်လို့ ခေါင်းစဉ်တပ်နိုင်တဲ့ အမွှေးအမျှင်တွေဟာ နေရာမလပ် ရှိနေတတ်ပါတယ်။ တစ်ချို့သူတွေဟာ ရင်ဘတ် ၊ ပါး ၊ နှာခေါင်းနဲ့ ပါးစပ်တစ်ဝိုက်မှာ အမွှေးတွေ ရှိပါတယ်။ ဒီအမွှေးတွေကို ကောင်းကောင်း ဂရုစိုက်မယ်ဆိုရင် ယောကျာ်းတစ်ယောက်ရဲ့ ခန့်ညားမှုကို သိသိသာသာ ပုံပေါ်စေမှာ ဖြစ်ပေမယ့် ဖြစ်သလိုထားတာကတော့ မှားပါတယ်။

(၃) နှာခေါင်းမွှေး ၊ နားမွှေး ရိတ်ရမလား

Source: theidleman.com

တကယ်လို့ နှာခေါင်းထဲက အမွှေးအမျှင်တွေ အရှည်ကြီး ထွက်နေတဲ့ လူတစ်ယောက်ကို တွေ့ရင် ဘယ်လို တွေးမိလဲ။ သူ့အနေနဲ့ တစ်ခြား ရုပ်ပိုင်းဆိုင်ရာ ပြောစရာ မရှိရင်တောင် နှာခေါင်းထဲက အမွှေးတွေ ကြည့်ပြီး စိတ်မသက်မသာ ဖြစ်ချင်စရာပါပဲ။ တကယ်လည်း နှာခေါင်းမွှေးတွေကို မညှပ်ပဲ ထားတာ အတော်ဆိုးပါတယ်။ နှာခေါင်းမွှေး ရိတ်ဖို့ သိပ်မကြာပေမယ့် ရိတ်လိုက်တာနဲ့ တကယ့် လူသစ်တစ်ယောက်လို ဖြစ်သွားစေနိုင်ပါတယ်။

(၄) မနက်ပဲ မျက်နှာသစ်ရမလား

Source: Tiege Hanley

ကျွန်တော်တို့ အားလုံးဟာ မနက်ခင်းမှာလောက်ပဲ မျက်နှာကောင်းကောင်း သစ်တာ များပါတယ်။ တကယ်က ညဘက်မှာလည်း မျက်နှာသစ်ဖို့ မမေ့သင့်ပါဘူး။ မျက်နှာကို ညဘက် Cleaner ကောင်းကောင်းနဲ့ သစ်ပေးခြင်းဟာ တစ်နေ့လုံး ညစ်ပတ်မှုကြောင့် မျက်နှာအသားအရေ ပျက်စီးမှုကို ဖယ်ရှားပေးရာ ရောက်သလို မျက်နှာအစိုထိန်းသိမ်းမှုလည်း အားကောင်းလာမှာ ဖြစ်ပါတယ်။

(၅) နေရောင်ခံ ခရမ် လိမ်းသင့်သလား

Source: dailyvanity.sg

မနက်မနက် မျက်နှာရိုးရိုး သစ်ပြီး နေပူထဲသွားတာ အသားအရေပျက်စီးဖို့ ပိုများပါတယ်။ SPF လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးမယ့် နေရောင်ခံခရမ်းတွေထဲက SPF 15 သို့မဟုတ် SPF 30 တို့လို ခရမ်တွေဟာ နေလောင်တာအပြင် နေအပူထွက်များပြီး ပါးရေတွန့်တာတွေပါ ကာကွယ်နိုင်ပါတယ်။