ဘီယာ ထဲမှာ ပြင်းရှရှအရသာကို ခံစားချင်သူတွေကတော့ Stout ဘီယာ အမျိုးအစားကို ရွေးချယ်ကြပါတယ်။ Stout ဘီယာက တခြား ဘီယာအမျိုးအစားတွေထက် အယ်ကိုလ်ဟောပါဝင်မှုပိုများပြီး အရသာ ပိုပြင်း/ပိုထိမိတဲ့ အနက်ရောင် ဘီယာဖြစ်ပါတယ်။ ပြောရရင် Dark Chocolate လို ခါးသပ်သပ်အရသာနဲ့ ပြင်းရှတဲ့ ဘီယာ အရသာရဲ့ သက်ဝင်စီးမြောမှုကို ခံစားရစေမှာဖြစ်ပါတယ်။ Stout ဘီယာကို သူ့အတိုင်းသောက်ကြသလို တချို့ကလည်း Light Lagers နဲ့ ရောစပ်သောက်လေ့ ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ Stout ဘီယာ ချစ်သူကွီးတို့အတွက် Stout ဘီယာ နဲ့ တွဲဖက်စားနိုင်မယ့် အလိုက်ဖက်ဆုံး မြည်းစရာ ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) ကမာ Oysters


Photo : Experiencity Canada

Stouts ဘီယာက ပင်လယ်စာ တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဒီထဲကမှ Oysters လို့ခေါ်တဲ့ ကမာနဲ့ကတော့ လိုက်ဖက်မှု အရှိဆုံးပါပဲ။ ကမာအစိမ်းကို သံပုရာသီးညှစ်ထားတဲ့ လတ်ဆတ်တဲ့ အရသာ နဲ့ Stouts ဘီယာရဲ့ ခါးသက်ပြင်းရှတဲ့ အရသာတို့ရဲ့ ပေါင်းစပ်မှုက တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။

(၂) အမဲသား စတူး

Photo : Simply Recipes

Stouts ဘီယာနဲ့ အလိုက်ဖက်ဆုံး နောက်ထပ် မြည်းစရာတစ်မျိုးကတော့ အမဲသား စတူး ဖြစ်ပါတယ်။ အမဲသား စတူးနဲ့ Stouts ဘီယာက ညနေခင်း Dinner အတွက် အသင့်တော်ဆုံးပါပဲ။ အမဲ ပါးသား ၊ အမဲအမြီး စွတ်ပြုတ် ဟင်းပွဲတွေနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။

(၃) BBQ အသားကင်

Photo : MyRecipes

Stouts ဘီယာက အမေရိကန်စတိုင် BBQ အသားကင်တွေနဲ့ တွဲဖက်စားလို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် BBQ နံရိုးကင် ၊ မီးခိုးတိုက်ထားတဲ့ အသားကင်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

(၄) အချိုပွဲ

Photo : King Arthur Baking

ချိုမြိန်မှုနဲ့ ခါးသက်မှု ဆန့်ကျင်ဘက်အရာ ၂ ခုက တစ်ခါတစ်လေမှာ အလိုက်အဖက်ဆုံး အတွဲအစပ်တွေ ဖြစ်နေတက်ပါတယ်။ ဥပမာပြောရရင် Stouts ဘီယာနဲ့ အချိုပွဲ စားစရာတွေ လိုပေါ့။ Stouts ဘီယာကို ချောကလက် Cookie ၊ ချောကလက် Mousse နဲ့ Brownies ၊ ချိစ်ကိတ် စတဲ့ အချိုပွဲတွေနဲ့ တွဲဖက်စားနိုင်ပါတယ်။

(၅) ချိစ်

Photo : TIME

ချိစ်ကို ဝိုင်နဲ့ တော်တော်များများ လိုက်ဖက်တဲ့ မြည်းစရာတစ်ခုလို့ သိထားကြပါတယ်။ တကယ်တော့ ချိစ်က Stouts ဘီယာ နဲ့လည်း လိုက်ဖက်မှုအရှိဆုံး စားစရာတစ်ခု ဖြစ်ပါတယ်။ Pecorino Romano ၊ Parmesan တို့လို အီတလီချိစ်တွေနဲ့ တွဲဖက်စားလို့ အလိုက်ဖက်ဆုံးပါပဲ။

Featured Photo : Brewer World