ရုပ်ကြောင့် မဟုတ်ဘဲ သရုပ်ဆောင်မှုစွမ်းရည်ကြောင့် ကမ္ဘာကျော်တဲ့ မင်းသားထဲမှာ မင်းသားကြီး ဘန်နီဒစ် ကမ်ဘာဘက်ချ်လည်း ပါဝင်ပါတယ်။ ရာနဲ့ချီတဲ့ ရုပ်ရှင်ဆန်ကာတင်ဆုတွေနဲ့ နိုင်ငံတကာရုပ်ရှင်ဆုပေါင်း ၂၆ ဆု ရထားတဲ့ ဒီမင်းသားကြီးကို 12 Years A Slave ၊ The Imitation Game ၊ Sherlock စီးရီးများ နဲ့Doctor Strange ရုပ်ရှင်တွေနဲ့ တွဲသိကြပါတယ်။
Doctor Strange ဇာတ်ရုပ်လိုပဲ သူ့ဘဝဟာလည်း ထူးဆန်းမှုတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာ မင်းသားကြီး ကမ်ဘာဘက်ချ်ရဲ့ စိတ်ဝင်စားစရာအချက်တချို့အကြောင်း ပရိသတ်ကြီးကို မျှဝေပေးချင်ပါတယ်။
(၁) မှုခင်းရှေ့နေဖြစ်ချင်ခဲ့ဖူးတယ်
Photo: mentalfloss
ကမ်ဘာဘက်ချ်ရဲ့ မိသားစုတွေဟာ ရုပ်ရှင်အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေအကြားမှာ ကြီးပြင်းခဲ့ပေမယ့် သူကတော့ ဘယ်တော့မှ ကင်မရာရှေ့မှာ နေဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။ သူ့မိဘတွေကိုယ်တိုင်ကလည်း ပိုပြီး တည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်းကို လိုက်ဖို့ အားပေးခဲ့တာလည်း ပါဝင်ပါတယ်။ ဒါကြောင့်ပဲ သူဟာ မှုခင်းရှေ့နေဖြစ်ဖို့ စိတ်ကူးခဲ့တာ ဖြစ်ပါတယ်။
(၂) Sherlock ဇာတ်ကားထဲက သူ့မိဘတွေက အပြင်မှာလည်း မိဘအရင်းတွေပါ
Source : Just Bee
ဘန်နီဒစ် ကမ်ဘာဘက်ချ် သရုပ်ဆောင်တဲ့ ရှားလော့ခ်ဟုမ်းစီးရီးထဲက ရှားလော့ခ်နဲ့ မိုက်ခရော့ဖ်ဟုမ်းစ်ရဲ့ မိဘတွေနေရာက သရုပ်ဆောင်ထားတဲ့ အဖိုးကြီး အဖွားကြီးတွေဟာ အပြင်မှာလည်း ကမ်ဘာဘက်ချ်ရဲ့ မိဘအရင်းတွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Press Association နဲ့ တွေ့ဆုံခန်းမှာ ရုပ်ရှင်ထဲ မိဘတွေနဲ့အတူ သရုပ်ဆောင်ရတာ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောပါတဘ်။
(၃) အိန္ဒိယမှာ တစ်နှစ်လောက် စာသင်ပေးဖူးတယ်
Photo: lionsroar
ကျောင်းနားတဲ့ တစ်နှစ်မှာ ကမ်ဘာဘက်ချ်ဟာ အိန္ဒိယနိုင်ငံ ဒါဂျီလင်မှာ ရှိတဲ့ တိဘက်ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ အင်္ဂလိပ်စာကို ပရဟိတသင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ “အဲ့ဒီမှာ တရားထိုင်တဲ့သဘောနဲ့ တရားထိုင်ခြင်းဆိုတဲ့ အိုင်ဒီယာကို အမြဲပဲ စိတ်ဝင်စားခဲ့ဖူးတယ်။” လို့ နောက်ပိုင်းမှာ သူက ပြောပါတယ်။ ဒီအတွေ့အကြုံက သူ့ရဲ့ သရုပ်ဆောင်မှုပိုင်းကိုပါ အထောက်အကူပြုလာခဲ့ပါတယ်။
(၄) တောင်အာဖရိကမှာ ပြန်ပေးဆွဲခံရဖူးတယ်
Photo: indiatoday
၂၀၀၅ ခုနှစ်က မီနီစီးရီးတစ်ခုဖြစ်တဲ့ To The Ends of The Earth ကို ရိုက်နေရင်း ကမ်ဘာဘက်ဟာ သေကိန်းဆိုက်တဲ့ အတွေ့အကြုံရခဲ့ပါတယ်။ သူနဲ့ တခြားတွဲဖက် သရုပ်ဆောင်နှစ်ဦးဟာ မိုဇန်ဘစ်ဇ်နားမှာ ရေငုပ် Scuba Diving လုပ်ဖို့ တစ်ရက်ခွင့်ယူပြီး ထွက်ခဲ့ရာမှာ အပြန် ကားဘီးပေါက်လို့ လဲနေတုန်း လူ ၆ ယောက်က ပြန်ပေးဆွဲသွားတာပါ။ သူတို့ ၃ ဦးကို ကားထဲ တုပ်ထည့်ဖို့ လုပ်နေချိန်မှာ အင်္ဂလိပ်တစ်ယောက်ကိုမင်းတို့ ကားထဲ သေရင် အမှုပတ်မယ်ဆိုပြီး ပြောမှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
(၅) ဆာအာသာကွန်နင်ဒွိုင်းနဲ့ အမျိုးမကင်းဘူး
Photo: indiewire
ရှားလော့ခ်ဟုမ်းစ် ဝတ္ထုတွေ ဖန်တီးခဲ့တဲ့ ကမ္ဘာကျော်စုံထောက်နဲ့ စွန့်စားခွန်းရေးတဲ့ ဆရာကြီး ဆာအာသာကွန်နင်ဒွိုင်းနဲ့ ဘန်နီဒစ် ကမ်ဘာဘက်ချ်အကြား အမျိုးစပ်ကြည့်မယ်ဆိုရင် အမျိုးတော်တယ်လို့ ပြောနိုင်ပါတယ်။ မျိုးရိုးလိုက်ပြီး စူးစမ်းတဲ့ Ancestry ဝက်ဘ်ဆိုက်မှာ ရှားလော့ခ်ဟုမ်း ဖန်တီးရှင် ဆာအာသာကွန်နင်ဒွိုင်းနဲ့ ကမ်ဘာဘက်ချ်တို့ အမျိုးတော်တာကို ဖော်ပြထားပါတယ်။ လန်ကတ်စတာ မြို့စားကြီး ဂျွန်အော့ဖ်ဂေါင့်ဟာ ဒွိုင်းရဲ့ ၁၅ ဆက်မြောက် အဘေးတော်ပြီး ကမ်ဘာဘက်ချ်အတွက် ရှေ့ ၁၇ ဆက်မြောက် အဘေးဖြစ်ပါတယ်။
Featured Photo: indiewire