ကမ္ဘာ့ အသက်အငယ်ဆုံး အာဏာရှင်တစ်ဦးဖြစ်တဲ့ ကင်ဂျုံအန်း ဟာ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ သူ့ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို ဖော်ပြလေ့မရှိဘဲ အရမ်းလျှိုဝှက်တတ်သော သူတစ်ယောက်ဘဲ ဖြစ်ပါတယ်။ အခုပြောပြမှာကတော့ ကင်ဂျုံအန်း ရဲ့ ထူးခြားသော အချက်လေးတွေဘဲ ​ဖြစ်ပါတယ်။

ကင်ဂျုံအန်း မွေးနေ့ မသိရခြင်း

ကင်ဂျုံအန်းရဲ့မွေးနေ့ဟာ ၁၉၈၂ လား? ၁၉၈၃ လား? ၁၉၈၄ လား? ဆိုတာ ဘယ်သူမှ အတိအကျ မသိသလို သူ့မွေးရက်ဟာလည်း ဇန်နဝါရီလ ၈ ရက်လား၊ ဇူလိုင်လ ၆ ရက်လားဆိုတာကိုလည်း ဘယ်သူမှ တိတိကျကျ မသိပါဘူး။ တချို့ကတော့ ကင်ဂျုံအန်း ဟာ ရင့်ကျက်တဲ့အတွေးအခေါ် တည်ကြည်တဲ့သူတစ်ယောက်ဖြစ်တာမို့ သူ့မွေးနေ့ ခုနစ်ကို 1982 လို့မှတ်ယူထားကြပါတယ်။

တိုသထက်တိုလာသော မျက်ခုံးမွေး

ကင်ဂျုံအန်း ရဲ့ ပုံတွေကို ကြည့်ခြင်းဖြင့် သူ့မျက်ခုံးမွေးဟာ တစ်နှစ်ထက်တစ်နှစ် တိုလာတာကို တွေ့မြင်ရပါတယ်။ ဒါဟာ သူ့ရဲ့ဖခင် ကင်ဂျုံအီ နဲ့ ရုပ်ချင်ဆင်ဖို့ ပြုလုပ်ထားတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

လျှိုဝှက်ထားသော ကလေးဘဝ

ကင်ဂျုံအန်း ရဲ့ ကလေးဘဝ ပုံရိပ်ကို ဘယ်သူမှမမြင်ဖူးသလို၊ သူ့ရဲ့ကလေးဘဝအကြောင်းကိုလည်း ဘယ်သူမှ မသိပါဘူး။

ကင်ဂျုံအန်း ဟာ နာမည်ကွဲ တခုနဲ့ ဆွစ်ဇလန် နိုင်ငံကနေ ဘွဲ့ရရှိခဲ့ပါတယ်။

သူဟာ ဘတ်စကတ်ဘော ကစားရတာကို သဘောကျပြီး ဘတ်စကက်ဘော အကျော်အမော် Dennis Rodman နဲ့လည်း ခင်မင်ရင်နှီးတယ်လို့ဆိုပါတယ်။

ကင်ဂျုံအန်း ဟာ ဓာတ်ပုံတိုင်းလိုလိုမှာ ပြုံးနေတတ်ပါတယ်။

ဒါကတော့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်တဲ့ နေရာမှာ တွေ့ရတဲ့ ပုံပါ

ဒါကတော့ ကျောင်းသားတွေနဲ့ သစ်ပင် စိုက်ပွဲမှာ တွေ့ရတဲ့ ပုံပါ

Source: Bright Side