ကမ္ဘာ့နိူင်ငံတော်တော်များများ ဥပဒေတွေ ပြဌာန်းထားကြပါတယ်။ ဒါမှလည်းပြည်သူတွေကို ထိန်းချုပ်ကွပ်ကဲနိူင်မှာပါ။ ဒါပေမဲ့ တစ်ချို့နိူင်တွေရဲ့ ဥပဒေတစ်ချို့ဟာ ထူးဆန်းပြီး ဟာသလိုဖြစ်နေပါတယ်။

ဒါဆိုရင် ဘယ်နိူင်ငံရဲ့ဘယ်ဥပဒေတွေက kwee ပရိသတ်တွေအတွက် ထူဆန်းလဲဆိုတာ ကြည့်လိုက်ရအောင်။

သြစတြေးလျ

Source: Bright Side

  • နေ့ခင်း (၁၂) နာရီကျော်သွားတာနဲ့ အများပြည်သူရှေ့မှာ ပန်းရောင်ဘောင်းဘီ ဝတ်ဆင်ခွင့်ကို ပိတ်ပင်ထားပါတယ်။
  • လှိုင်စင်ရ လျှပ်စစ်လုပ်သားတွေကိုပဲ ဝတ်ခွင့်ပြုထားပါတယ်။ တကယ်လို့ ဝတ်ခွင့်မရှိပဲ ဝတ်မိရင်တော့ ဒဏ်ငွေဆောင်ရမှာပါ။

အင်္ဂလန်

Source: Mirror

  • လမ်းပေါ်မှာ ကော်ဇော် သန့်ရှင်းရေးလုပ်တာကို ကန့်သတ်ထားပါတယ်။ မြန်မာနိူင်ငံမှာလို ကော်ဇော်တွေ လမ်းပေါ်တတ်ပြီး တုတ်နဲ့ရိုက် ဖုန်ခါလို့ မရပါဘူး။ တကယ်လို့ လုပ်ချင်တယ်ဆိုရင်တော့ မနတ် (၈) နာရီမထိုးခင် အပြီးလုပ်ရပါတယ်။
  • မနတ်ခင်း (၇) နာရီကနေ ည (၁၀) နာရီအထိ လမ်းပေါ်မှာ ရဲတွေရဲ့ ခွင့်ပြုချက်မပါပဲ တိရစ္ဆာန်ကျောင်းခွင့်ပိတ်ပင်ထားပါတယ်။

အီတလီ

Source: Livltaly Tours

  • Eraclea မြို့ရဲ့ကမ်းခြေတွေမှာ သဲရဲတိုက် ဆောက်လုပ်ဆော့ကစားခွင့်ပိတ်ပင်ထားပါတယ်။ ကမ်းခြေလာတဲ့လူတွေ လမ်းလျှောက်တာ အနောက်အယှက်ဖြစ်မှာစိုးတဲ့အတွက်ကြောင့် ဆိုပြီး ပိတ်ပင်ထားတာပါ။
  • Eboli မြို့တွင် ကားထဲ၌ နမ်းရှုပ်ခွင့် ပိတ်ပင်ထားပါတယ်။
  • Capri ကျွန်းပေါ်မှာ သစ်သားခုံဖိနပ် နှင့် shoes ဖိနပ်များ ဝတ်ဆင်ခွင့်ပိတ်ပင်ထားပါတယ်။

စင်္ကာပူ

Source: Bright Side

  • စင်္ကာပူ နိူင်ငံမှာ ပီကေ စားသောက်ခွင့်ကို (၁၉၉၂) ခုနှစ်ကတည်းက ပိတ်ပင်တားမြစ်ထားပါတယ်။ လူတွေရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေတာကြောင့် တားမြစ်ထားတာပါ။ မစားပဲ မနေနိူင်ဘူးဆိုရင် ဒဏ်ငွေဆောင် ဖို့ငွေများများ ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ကနေဒါ

Source: Bright Side

  • ကနေဒါနိူင်ငံရဲ့ ဥပဒေအရ တနင်္လာနေ့ မှ သောကြာနေ့ထိ မနတ်ခင်း (၆) နာရီကနေ ညနေခင်း (၆) နာရီအထိ ရုပ်သံထုတ်လွှင့်မူရဲ့ ၃၅% ဟာ ကနေဒါ လူမျိုးဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ဂျပန်

Source: Bright Side

  • ဂျပန်နိူင်ငံမှာ ၂၀၀၈ ခုနှစ်ကနေစပြီးတော့ ဥပဒေတစ်ခု ပြဌာန်းခဲ့ပါတယ်။ အသက် ၄၀-၇၄ ရှိ အမျိုးသားအမျိုးသမီးတိုင်း ခါးဆိုဒ်တိုင်းရပါတယ်။ အမျိုးသားခါးဆိုဒ် ၈၆ စီတီမီတာ နှင့် အမျိုးသမီးခါးဆိုဒ် ၉၀ စီတီမီတာ မကျော်ရပါဘူး။ ဒါကဂျပန်နိူင်ငံရဲ့ အဝလွန်ရောဂါကို တိုက်ဖျတ်မူတခုပါ။ ၂၀၁၅ ခုနှစ်မှစတင်ကာ ဥပဒေမလိုက်နာသူများကို ဒဏ်ငွေပေးဆောင်စေခဲ့ပါတယ်။