အပြိုင်အဆိုင်များတဲ့ ယနေ့ခေတ်မှာ အသက်မွေးဝမ်းကြောင်း တစ်ခုကောင်းစွာတည်ဆောက်နိုင်ဖို့ အရမ်းကိုအရေးကြီးလာပါပြီ။ အသက်မွေးဝမ်းကြောင်းဆိုတာဟာ ရည်မှန်းချက် ၊ ကျွမ်းကျင်မှု ၊ တိကျသေချာတဲ့ စဉ်းစားမှုတွေနှင့် လမ်းကြောင်းတွေ တည်ဆောက်ပါရှိ ရတာပါ။ ဒီနေ့မှာတော့ အောင်မြင်တဲ့ အသက်မွေးမှု Career တစ်ခု တည်ဆောက်ဖို့အတွက် အခုပြောမယ့် နည်းလမ်းတွေ လိုက်နာသင့်ပါတယ်။

(၁) ပန်းတိုင်တွေ ချထားပါ

businessman-target

Photo : Lux Marketing Agency

Career တစ်ခုကို သွားမယ်ဆိုရင် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်နဲ့ကိုယ့်စိတ်ဆန္ဒကို ချိန်ညှိဖို့ လိုပါတယ်။ လက်တွေ့ကျပြီး စစ်မှန်တဲ့ ပန်းတိုင်တွေ ချမှတ်ရင်း အနာဂါတ်ကို ဆက်သွားနေမှသာ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။

(၂) အဆက်အသွယ် ရှိဖို့လိုပါတယ်

business man shaking hand

Photo : Arzate Noticias

အရည်အချင်းပြည့်ပြီး ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဖြစ်ချင်တယ်ဆိုရင်အဆက်အသွယ်ကောင်းတွေ ၊ အသိအကျွမ်းတွေလည်း မရှိမဖြစ် လိုပါတယ်။ လူမှုဆက်ဆံရေး ကျယ်ပြန့်သူ ဖြစ်ဖို့ လိုသလို Facebook ၊ Twitter နဲ့ LinkedIn စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာလည်း Network ကောင်းတွေ ချိတ်ဆက်ထားသူ ဖြစ်ဖို့ လိုပါတယ်။

(၄) ကိုယ်ပိုင်ပုံရိပ် တည်ဆောက်ပါ

Businessman

Photo : Unsplash

သင့်ရဲ့ ကျွမ်းကျင်မှုကို ဖြည့်ဆည်းနေချိန်မှာ သင့်ရဲ့ ကိုယ်ပိုင်ပုံရိပ် အမှတ်တံဆိပ်ကို တည်ဆောက်ရမှာပါ။ ဒီလိုမျိုး ကိုယ်ပိုင် Brand တည်ဆောက်ဖို့အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေ ၊ ကိုယ်ပိုင် Blog နဲ့ Website တွေမှာ သင့်အကြောင်းနဲ့ သင့်ရဲ့ ဖြတ်သန်းမှု လုပ်ဆောင်ချက်တွေကို ကောင်းကောင်းရေးတင်နိုင်ပါတယ်။

(၄) ပညာရပ်သစ်တွေ သင်ထားပါ

man learning online

Photo : Training Industry

ကိုယ်ဝင်ရောက်လိုတဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်ပေါက်မြောက်ဖို့အတွက် ပညာရပ်ကို စဉ်ဆက်မပြတ် မွမ်းမံနေဖို့ လိုပါတယ်။ IT လို Digital Marketing တို့လို အပြောင်းအလဲ မြန်လွန်းတဲ့ အလုပ်ခွင်မှာ အလုပ်ဝင်ချင်တယ်ဆိုရင် ပိုလို့တောင် ပညာသစ်တွေ ဖြည့်နေဖို့ လိုပါတယ်။

Featured Photo : Mind Tools