စတော်ဘယ်ရီသီး (၅) လုံး၊ ရမ် စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် အရသာ ဆန်းသစ်ကောင်းမွန်တဲ့ Strawberry Mojito တစ်ခွက် ဖန်တီး ဖော်စပ်နိုင်ပါတယ်။ ကွီးတို့အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Recipe ကို အသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ

- သံပုရာသီး ၁ လုံး
- လတ်ဆတ်သော စတော်ဘယ်ရီသီး ၅ လုံး
- Mint အရွက် ၁ ခိုင်
- ရမ်အဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
- အရသာ မြည်းစမ်းရန်အတွက် Club Soda စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းခန့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့် ပြင်ထားလိုက်ပါ။

၂။ သံပုရာသီး ၁ လုံးကို အလယ်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် သံပုရာသီး တစ်ခြမ်းစီကနေ နောက်ထပ် သံပုရာစိပ် ၃ စိပ် (သို့) ၄ စိပ်ခန့် ထပ်မံ လှီးဖြတ်လိုက်ပါ။ ထို့နောက် Mint အရွက်များကို ၆ ရွက်မှ ၈ ရွက်ခန့်အထိရအောင် ခြွေထားလိုက်ပါ။ ရွက်နုလေးများကိုတော့ အလှဆင်ဖို့ရန်အတွက် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

စတော်ဘယ်ရီသီးများကိုလည်း ဖတ်ရွက်စိမ်းများ ခွာထားပြီး ထက်ခြမ်း ခြမ်းထားလိုက်ပါ။

၃။ ကော့တေး ဖန်ခွက်ထဲသို့ သံပုရာသီးစိပ် ၄ စိပ် ခန့် ထည့်ပါ။ ထို့နောက် လှီးဖြတ်ထားသော စတော်ဘယ်ရီးများ ထည့်ပါ။ ထို့နောက် ပင်စိမ်းရွက်များ ထည့်ပါ။ အပေါ်ကနေ သကြား အနည်းငယ် ဖြူးထည့်လိုက်ပါ။

၄။ ထို့နောက် သစ်သား ငရုတ်ကျည်ပွေ့ (သို့) ခပ် ကြီးကြီး ဇွန်းတစ်ချောင်းဖြင့် သစ်သီးများအားလုံးကို အနှစ်များဖြစ်သွားအောင် ကြိတ်ချေပေးလိုက်ပါ။
၅။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးများထည့်ပါ။ ထို့နောက် ရမ် အဖြူ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။

၆။ သစ်သီးအရည်များနှင့် ရမ်များ သမသွားအောင်လို့ ရောမွှေပေးလိုက်ပါ။ နောက်ဆုံးမှာတော့ အပေါ်ကနေ Club Soda လေး ဆမ်းထည့်ပေးလိုက်ပါ။

၇။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ အလှဆင်ရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတစ်လုံးကို အနည်းငယ် လှီးဖြတ်ပြီးနောက် ခွက်ရဲ့ နှုတ်ခမ်းဝပေါ်မှာ အသာအယာလေး တင်ထားလိုက်ပါ။ ထို့နောက် ကျန်ရှိနေတဲ့ Mint အရွက်များဖြင့် အလှဆင်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားမယ့် Strawberry Mojito တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
Strawberry Mojito တစ်ခွက်စာကို နှစ်ခွက်စာအဖြစ် တိုးပြီး ဖျော်စပ်ချင်တယ်ဆိုရင်တော့ ပါဝင်ပစ္စည်းများကို ၂ ဆတိုးကာ ဖျော်စပ်နိုင်ပါတယ်။
Source: Thespruceeats
Featured Image: Thespruceeats
