Streaming နယ်ပယ်ဟာ ဒီဘက်ခေတ် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ အလုပ်အကိုင်တစ်ခုလို့ ပြောရမှာပါ။ ဝင်ငွေအနေအထားအရလည်း အထင်သေးလို့မရသလို Viewer များရင်များသလို ကြော်ငြာနဲ့ အခြားဝင်ငွေလမ်းကြောင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ကွီးတို့က Streaming လုပ်ဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ PC ကောင်းကောင်းတစ်လုံး ရှိဖို့ သေချာပေါက် လိုအပ်ပြီး ဒါ့အပြင် Streaming လုပ် ဖို့အတွက် နောက်ထပ် ဘယ်လို Equipment တွေ ဝယ်သင့်လဲဆိုတာ သိချင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။
(၁) Rode Streamer X
Photo : Rode
Rode Streamer X ကတော့ Streaming လုပ် မယ့်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တစ်ခုတည်းနဲ့ အားလုံးငြိမ်းမယ့် All-in-one Capture Card ဖြစ်ပါတယ်။ အရွယ်အစား ခပ်သေးသေးနဲ့ Compact ဖြစ်တဲ့ Device ဖြစ်ပေမယ့် ဗီဒီယို ၊ အသံ ၊ Control စတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို တစ်ခုတည်းနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
(၂) Razer Kiyo Pro Ultra
Photo : Razer
Streaming လုပ် မယ်ဆို Webcam ကောင်းကောင်းတစ်လုံးလည်း သေချာပေါက် လိုပါတယ်။ Razer Kiyo Pro Ultra ကတော့ 4K ၊ 1440p ၊ 1080P / HDR ၊ 30fps ၊ 60fps ရတဲ့အတွက် Resolution ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကွာလတီကိုပေးမယ့် အမိုက်စား Webcam တစ်ခု ဖြစ်ပါတယ်။
(၃) Shure MV7+
Photo : Forbes
Streaming နဲ့ Gaming အတွက် မိုက်ခရိုဖုန်း ကောင်းကောင်း သုံးချင်ရင်တော့ Shure MV7+ က စဉ်းစားစရာ Option တစ်ခုပါ။ Shure MV7+ ဟာ USB-C နဲ့ XLR Outputs တွေကို တစ်ပြိုင်နက်အသုံးပြုနိုင်ပြီး ကောင်းမွန်တဲ့ အသံကွာလတီကို ဖမ်းယူပေးနိုင်တဲ့ စွယ်စုံရ အမိုက်စား မိုက်ခရိုဖုန်းတစ်လုံး ဖြစ်ပါတယ်။
(၄) SteelSeries Arctis Nova Pro Wireless Gaming Headset
Photo : SteelSeries
SteelSeries ရဲ့ Arctis Nova Pro Wireless Gaming Headset ကတော့ Streaming လုပ်မယ့်သူတွေ ၊ Serious Gamer တွေ သေချာပေါက် ဝယ်သင့်တဲ့ Equipment တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ ရိုးရှင်းအထာကျတဲ့ ဒီဇိုင်း ၊ ဆူညံသံကိုလျော့ချပေးနိုင်တဲ့ Noise-Canceling လုပ်ဆောင်ချက်တွေ ပါဝင်ပြီး PC ၊ PS4 ၊ PS5 ၊ Xbox ၊ Nintendo Switch နဲ့ အခြား Bluetooth Devices တွေ အားလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
(၅) Govee Glide Hexa Light Panels
Photo : TechHive
Govee Glide Hexa Light Panels ကတော့ Streaming လုပ် ရာမှာ မပါမဖြစ်တဲ့ Gear တစ်ခု မဟုတ်ပေမယ့်လည်း ကွီးတို့ရဲ့ Streaming Room ကို ပိုမိုက်/ ပိုအထာကျ သွားအောင် အလှဆင်နိုင်မယ့် ရောင်စုံမီး Panels ဖြစ်ပါတယ်။ Govee ရဲ့ RGBIC နည်းပညာသုံး Glide Hexa Light Panels ဟာဆိုရင် အကန့်တစ်ခုစီကို မီးရောင်မျိုးစုံ တစ်ပြိုင်နက်တည်း လင်းအောင် လုပ်ပေးနိုင်ပြီး ကိုယ့်စိတ်ကြိုက် မီးရောင်စုံတွေကိုလည်း ပြောင်းလဲနိုင်မှာလည်း ဖြစ်ပါတယ်။
Source : Game Rant
Featured Photo : Games Radar