ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် က စကားပြောတက်တယ်လို့ ပြောရင် ယုံမလား။ ဟုတ်ပါတယ် သံသယမဖြစ်ပါနဲ့ ဒါဟာ အမှန်တရားပါ။ ကျွန်တော်တို့ တော်တော်များများက တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုတောင် သတိမမူမိဘဲ လျစ်လျူရှုစွာ နေမိတက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကတော့ ကျွန်တော်တို့ကို လျစ်လျူရှု မထားဘဲ ကျွန်တော်တို့ သတိလက်လွတ်နေမိချိန်တွေမှာတောင် ပုံစံအမျိုးမျိုးနဲ့ သတိပေးအချက်ပြလေ့ ရှိပါတယ်။ ကွီးတို့အနေနဲ့ ဖိအားတွေ များနေတယ် ၊ Stress တွေလျော့ချဖို့ လိုနေတယ်ဆိုတာကို အခုပြောပြမယ့်အချက်လေးတွေနဲ့ ကွီးတို့ရဲ့ ခန္ဓာကိုယ် က အချက်ပြသတိပေးလာပါလိမ့်မယ်။
(၁) သွားတွေကြိတ်မိနေမယ်
Photo : Brightside
သွားကြိတ်တာရဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှုပါပဲ။ တစ်နေ့တာအတွင်း ဒါမှမဟုတ် အိပ်ပျော်နေစဉ်အတွင်းမှာ မသိစိတ်ကနေ သွားတွေကြိတ်မိနေတက်ပါတယ်။ နောက်တနေ့မနက်အိပ်ရာထချိန်မှာ အကြောင်းမဲ့ မေးရိုးတွေ နာကျင်နေတယ်ဆိုရင်တော့ ကွီးတို့အိပ်ပျော်နေစဉ်မှာ သွားကြိမ်မိနေတယ်ဆိုတာကို သိနိုင်ပါတယ်။ နောက်ပြီး သွားတွေက ပုံမှန်ထက် ပိုတိုနေတာကိုလည်း သတိပြုမိနိုင်ပါတယ်။ သွားကြိတ်ခြင်းကြောင့် သွားတွေပျက်စီးခြင်းမှ ကာကွယ်ဖို့ဆိုရင်တော့ Mouth Guard စွပ်တာ သို့မဟုတ် ကုသမှုခံယူတာမျိုး လုပ်နိုင်ပါတယ်။
(၂) အမြဲတမ်းချွေးတွေ အများကြီးထွက်နေမယ်
Photo : Brightside
ချွေးထွက်များခြင်းကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်တာ ၊ အပူချိန်မြင့်မားတာနဲ့ ဦးနှောက်အပေါ် ဖိအားတစ်ခုခု သက်ရောက်နေချိန်တွေမှာ ဖြစ်တက်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ကနေချွေးတွေ အဆက်မပြတ်ထွက်နေတယ်ဆိုရင်တော့ ဒါဟာ Stress များနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
(၃) ပုံမှန်ထက် ဆံပင်ပိုကျွတ်နေမယ်
Photo : Brightside
ဆံပင်တွေ ပုံမှန်ထက်ကို ပိုကျွတ်နေပြီဆိုရင်တော့ စိတ်ဖိစီးမှုများနေပြီဆိုတာ သိနိုင်ပါပြီ။ စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုဟာ ဆံသား ကြီးထွားမှုအဆင့်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဆံပင်ကျွတ်တဲ့ ဖြစ်စဉ်ဟာ များသောအားဖြင့် နှောင့်နှေးတက်ပါတယ်။ ကွီးတို့အနေနဲ့ Stress များစေတဲ့ ကိစ္စတစ်ခုခုကြုံပြီးပြီဆိုတာနဲ့ အချိန် ၆ ပတ်ကနေ ၁၂ ပတ်ကြာအထိ ဆံပင်ကျွတ်တာကို ခံစားရနိုင်ပါတယ်။
(၄) အနီကွက်နဲ့ အစက်အပျောက်တွေ ထွက်လာမယ်
Photo : Brightside
ဓာတ်မတည့်မှုတစ်ခုခု ခံစားနေရတာ မဟုတ်ပါပဲ ခန္ဓာကိုယ် ပေါ်မှာ အနီကွက်နဲ့ အစက်အပျောက်တွေ ထွက်လာပြီဆိုရင်တော့ အဓိကတရားခံက Stress ကြောင့်ပါပဲ။ စိတ်ဖိစီးမှုတွေဟာ ပါးစပ်မှာပါ အနီကွက်တွေ ထွက်စေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်တဲ့ ဓာတုပစ္စည်းအချို့ကို ထုတ်လွှတ်တာကြောင့် ဖြစ်ပါတယ်။
(၅) မျက်ခွံတွေ တစ်ချိန်လုံးလှုပ်နေမယ်
Photo : Brightside
စိတ်ဖိစီးမှုက ဦးနှောက်နဲ့ မျက်နှာကြွက်သားတွေကို ပုံမှန်မဟုတ်တဲ့ အချက်ပြမှုပေးနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ မျက်လုံးတဝိုက်ကြွက်သားတွေ ထိန်းမနိုင်သိမ်းမရ လှုပ်နေတာပဲ ဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာတော့ မျက်ခွံလှုပ်တာဟာ ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာအထိ ကြာတတ်ပါတယ်။
(၆) ခံတွင်းအမြဲ ခြောက်နေမယ်
Photo : Brightside
ငန်တဲ့အစားအစာတွေ မစားပဲ အဆက်မပြတ်ရေငတ်ပြီး ပါးစပ်တွေခြောက်နေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါပြီ။ အချိန်ကြာကြာ Stress ခံစားရခြင်းက တံထွေးဂလင်းတွေကို ပိတ်ဆို့စေပြီး ခံတွင်းခြောက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း ခံတွင်းခြောက်ပြီး မျိုချရခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။
(၇) ခန္ဓာကိုယ်က အေးစက်နေမယ်
Photo : Brightside
စိတ်ဖိစီးမှုတွေဟာ ရေးနောရောဂါ (Raynaud’s Phenomenon) လို့ခေါ်တဲ့ ခြေဖျားလက်ဖျားတွေ ထုံကျဉ်အေးစက်ခြင်း အခြေအနေကို ခံစားရနိုင်ပါတယ်။ နှာခေါင်းတဝိုက်လို့ ခံစားနိုင်စွမ်းမြင့်တဲ့ ခန္ဓာကိုယ် အရေပြားအစိတ်အပိုင်းတစ်ခုခုမှာ အေးခဲ၊ထုံကျင်ခြင်းကို ဖြစ်စေပြီး မိနစ်အနည်းငယ်ကနေ နာရီနဲ့ချီကြာ ခံစားရစေနိုင်ပါတယ်။ ရေးနောရောဂါဟာ အမျိုးသမီးတွေနဲ့ အေးတဲ့နေရာဒေသတွေအတွင်း နေထိုင်သူအများစုမှာ ပိုပြီးအဖြစ်များပါတယ်။
Featured Photo : UNH Extension – University of New Hamps