အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ လာလီဂါဘောလုံးအသင်းချုပ်က ချမှတ်ထားတဲ့ စည်းကမ်းပိုင်းဆိုင်ရာ အချက်တွေကို ဖောက်ဖျက်ခဲ့တာကြောင့် လက်ရှိမှာတော့ (၈) ပွဲပယ်နဲ့ ယူရို (၆၀၀၀) ဒဏ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဧပြီလ (၆) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ် အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ကွင်းလယ်ဒိုင်လူကြီးအား မကြားဝံ့မနာသာစကားလုံးတွေနဲ့ ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြားပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Source : talkSPORT

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများဟာ ဒီယေဂိုကော်စတာရဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အက်သလက်တီကိုအသင်းကိုလည်း ယူရို (၂၈၀၀) ပေးဆောင်ရန် ဒဏ်ငွေသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကြောင့် ဒီယေဂိုကော်စတာဟာ ရာသီကုန်တဲ့အထိ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ အရေးကြီးတဲ့လက်ကျန်ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Source : BBC

တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ ဘာစီလိုနာအသင်းကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ မဟုတ်ဘဲ စပိန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ကျင့်ဝတ် စည်းကမ်းပိုင်းဆိုင်ရာတွေကို ဖောက်ဖျက်ခဲ့တာကြောင့် သာမာန် (၃) ပွဲပယ်ခံရမယ်အစား တိုက်ရိုက်အနီကဒ် ပြခံခဲ့ရပြီး အခုလို ရှစ်ပွဲပယ်တဲ့အထိကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ရာသီကုန်ဖို့ကလည်း အရမ်းကိုနီးကပ်နေပြီး ကြားပွဲ (၇) ပွဲသာ ယှဉ်ပြိုင်ရတော့မှာဖြစ်တာကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်း အတွက်တော့ တကယ်ကို အခက်ကြုံရတဲ့ အခြေအနေတစ်ရပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Source : CBS Sports