မိဘတွေက သားသမီးတွေအကြောင်း အကုန်သိကြတယ်။ ဒါပေမယ့် အဖွားဖြစ်သူက သူတို့ထက် အနည်းငယ်ပိုသိကြပါတယ်။ ဥပမာ သင့်ရဲ့အကြိုက်ဆုံး အစားအစာက ဘာလဲလို့ အမေဖြစ်သူကို မေးလိုက်ရင် သူမ ချက်ခြင်း ဖြေနိုင်ပါလိမ့်မယ့်။ ဒါပေမယ့် အဖွားဖြစ်သူ့ကို မေးလိုက်ရင်တော့ သင့်ရဲ့ အကြိုက်ဆုံးအစားအစာကို သူမ ချက်ပြီးသားဖြစ်နေပါလိမ့်မယ်။ ဒါတွေတင်မကသေးပါဘူး။ တခြားကွာခြားတဲ့အရာတွေအများကြီး ရှိပါသေးတယ်။

ဒီနေ့ kwee page အဖေ၊အမေနဲ့အဖွားတို့ရဲ့ ကွာခြားချက်တွေအကြောင်း ရုပ်ပုံလေးတွေနဲ့တကွ ပြောပြပေးသွားမှာပါ။

ကလေးကိုပြုစုခြင်း

ကလေးတွေကို ထမင်းကျွေးဖို့ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။ လူတိုင်းမှာ သူတို့နည်းနဲ့သူတို့ ရှိကြတယ်။

ကိုယ်က ကြောင်လေးတွေနဲ့ဆော့ချင်ပေမယ့် သူတို့က ကိုယ်နဲ့မဆော့ချင်တဲ့ အချိန်မျိုး ကြုံဖူးကြမှာပါ။

မိဘနဲ့အဖွားဖြစ်သူမှာ သူတို့ကလေးတွေကို လက်ဆောင်ပေးဖို့ မတူညီတဲ့ နည်းတွေရှိကြတယ်။

သူတို့တွေမှာ ကလေးဖျားနာတဲ့အချိန် ကုသပေးဖို့ ကိုယ်ပိုင်နည်းလေးတွေ ရှိကြတယ်။

ကလေးထိန်းပုံထိန်းနည်းကလည်း မတူကြပါဘူး။

ဆံပင်ပုံစံကိုကြည့်တာနဲ့ ဘယ်သူကပြင်ပေးလိုက်တယ်ဆိုတာ တန်းသိနိုင်အောင် သူတို့မှာကိုယ်ပိုင် ဟန်လေးတွေရှိကြတယ်။

အဝတ်အစားဝတ်ပေးတာကအစ ဘယ်သူဆင်ပေးလိုက်လဲဆိုတာ တန်းသိနိုင်တယ်။

ကလေးတွေအတွက် အရုပ်ရွေးတာကအစ သူတို့မှာ ကွာခြားချက်တွေရှိကြတယ်။

ကလေးတွေနဲ့ အချိန်ဖြုန်းပုံချင်းလည်း မတူညီကြဘူး။

စိတ်ဆိုးပုံချင်းလည်း မတူညီကြဘူး။

ဘယ်လိုအပစ်မျိုးပဲ လုပ်ခဲ့လုပ်ခဲ့ အဖွားဖြစ်သူက အမြဲကာကွယ်ပေးတယ်။

ပြီးတော့ အဖွားဖြစ်သူက သူ့မြေးတွေ နွေးနွေးထွေးထွေး ရှိနေဖို့ အမြဲတမ်းတွေးနေတတ်ကြတယ်။

အဖွားဖြစ်သူက သူ့မြေးတွေကို သူ့သားသမီးတွေထက် ပိုချစ်ကြတယ်။

Source: Bright Side