Cream တွေ ၊ Facial Scrub တွေ တန်ဖိုးကြီး အလှကုန်တွေ မလိုပါဘူး။ သင့်ကို နုပျိုစေတဲ့ အရာက ရိုးရှင်းလှတဲ့ Lifestyle တစ်ခုပါပဲ။

Science Daily က တင်ပြထားတဲ့ မန်ချက်စတာတက္ကသိုလ် သိပ္ပံပညာရှင်တွေရဲ့ ‌လေ့လာမှုအရ Beauty Sleep ဟာ လူတစ်ယောက်ရဲ့ အရွယ်တင်ခြင်းကို အဆုံးအဖြတ်ပေးရာမှာ အရေးကြီးတဲ့ အရာလို့ ဆိုပါတယ်။

Photo: Pinterest

Beauty Sleep ဆိုတာ ည ၈ နာရီ အိပ်ပြီး မနက် ၅ နာရီ နိုးထတာကို‌ ပြောတာ ဖြစ်ပါတယ်။ မန်ချက်စတာ တက္ကသိုလ်က သုတေသီတွေဟာ ညဘက်အိပ်ရာဝင်ချိန်တိုင်း အသားအရေရဲ့ ပြောင်းလဲမှုကို လေ့လာခဲ့ပြီး အိပ်ချိန်ကိုလိုက်လို့ အိပ်ရေးဝဝ အိပ်ရသူဟာ ပိုပြီး နုပျိုတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

သုတေသီတွေရဲ့အဆိုအရ ကျွန်တော်တို့ ကိုယ်အလေးချိန်ရဲ့ ထက်ဝက်ကျော်ဟာ အရိုး ၊ အရေ နဲ့ အကြောစတဲ့ တွယ်ဆက်တစ်သှူးတွေရဲ့ ပုံသဏ္ဍာန်ကို ဖွဲ့စည်းပေးမယ့် ဆဲလ်‌တွေ ဖြစ်စေတဲ့ ဆဲလ်ပြင်ပဖွဲ့စည်းပုံနဲ့ လာပြီး အဲဒီဆဲလ်တွေရဲ့ တစ်ဝက်က Collagen ဖြစ်တယ်လို့ဆိုပါတယ်။

Collagen Level ဟာ ကျွန်တော်တို့ အသက် ၁၇ နှစ်မှာ အပြည့်ဝဆုံး ဖွဲ့စည်းပြီး ဖြစ်တယ်လို့ အစဉ်အလာ ယူဆခဲ့ပေမယ့် မန်ချက်စတာ တက္ကသိုလ်သုတေသီတွေကတော့ Fibrils လို့ခေါ်တဲ့ ကြိုးပုံစံ Collagen အမျှင်တန်းတည်ဆောက်ပုံ နှစ်မျိုးနှစ်စားကို ရှာတွေ့ထားပါတယ်။

ပထမထူထဲတဲ့ Firbils အမျှင်ငယ်တွေဟာ အသက် ၁၇ နှစ်အရောက်မှာ အပြည့်အဝ ဖွဲ့စည်းပြီး အဆင့်ကို ရောက်လာပြီး တည်မြဲနေတယ်လို့ ဆိုပါတယ်။ ပါးလွှာတဲ့ ဒုတိယအမျိုးအစား Firbils ကတော့ နေ့ဘက်မှာ အခြေအနေအမျိုးမျိုးကြောင့် ပြိုကွဲပြီး ညဘက်မှာ ပြန်ဖွံ့ဖြိုးလာတယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။

Photo: Sharecare

ဒုတိယအမျိုးအစား ပါးလွှာတဲ့ အမျှင်တွေဟာ လူရဲ့ ရုပ်ရည်ကို နုပျိုစေနိုင်တဲ့ စွမ်းအားရှိပါတယ်။ “ကားတစ်စင်းမှာ အဆီနဲ့ ရေလိုသလိုမျိုး ပါးလွှာတဲ့ Firbils ဟာ ခန္ဓာကိုယ် ဆဲလ်ဖွဲ့စည်းမှုကို ထိန်းညှိပေးပါတယ်” လို့ ပါမောက္ခ ကားလ်ကက်ဒလာက ပြောပါတယ်။ဒီတော့ အသားအရေ နုပျိုပြီး ကိုယ့်ကိုယ်ကို ပိုအရွယ်တင်စေဖို့ Cream သုံးမယ်ဆိုတဲ့ အတွေးထက် နုပျိုအောင် နည်းစနစ်ကျကျအိပ်စက်နိုင်ဖို့ ပိုပြီး အချိန်ပေးသင့်ပါတယ်။