သင် ဝတ်ဆင်တဲ့ ဖက်ရှင်စတိုင်လ်ကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပါတယ်။ လူအများသည်လည်း သင့်ရဲ့ဖက်ရှင်ကို ကြည့်ပြီး သင်သည် ဖက်ရှင်လိုက်စားတဲ့သူလား ဒါမှမဟုတ် ဖက်ရှင်ကို ဂရုမစိုက်တဲ့သူလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။

ဒါ့အပြင် သင့်ရဲ့ဖက်ရှင်ကို ကြည့်ပြီး သင့်ရဲ့အချစ်ရေးအပေါ်ထားတဲ့အမြင်ကိုလည်း သိမြင်နိုင်ပါတယ်။

လိုဂိုတံဆိပ်အကြီးကြီး ရိုက်နှိပ်ထားတဲ့ တီရှပ်ဝတ်ဆင်ခြင်းနှင့် အမျိုးသားတို့ရဲ့စိတ်နေစိတ်ထား

men's fashion and their relationship status

လိုဂိုတံဆိပ်များသည် အဖွဲ့အစည်းတစ်ခု၊ တံဆိပ်တစ်ခု၊ ထုတ်ကုန်ပစ္စည်းတစ်ခုကို ရည်ညွှန်းပါတယ်။ လိုဂိုများကိ ၁၂၆၆ ခုနှစ်ကတည်းက လိုဂိုတံဆိပ်များကို စတင်ရိုက်နှိပ်ကာ သုံးစွဲခဲ့ကြတာပါ။ လိုဂိုအကြီး၊ အသေးပေါ် မူတည်ပြီး သူတို့ရဲ့အချစ်ရေးအပေါ် ခံယူချက်သည်လည်း ပြောင်းလဲသွားတတ်ကြပါတယ်။

ထူးဆန်းသော လေ့လာတွေ့ရှိချက်တစ်ခု

men's fashion and their relationship status

မီချီဂန်တက္ကသိုလ်ရှိ စိတ်ပညာအထူးကု Daniel Kruger ဆိုသူသည် အမျိုးသား အယောက် ၃၀၀ အပေါ် စစ်တမ်းကောက်ယူချက်အရ လိုဂိုတံဆိပ်အကြီးကြီး ရိုက်နှိပ်ထားသော အင်္ကျီအဝတ်အစားကို ဝတ်ဆင်ထားသူများသည် အချစ်ရေးအပေါ် စိတ်ဝင်စားမှုနည်းပြီး ရည်းစားထားပါကလည်း အချိန်အကြာကြီး မထားချင်ကြပါဘူး။ ခဏတဖြုတ်သာ ရည်းစားထားချင်ကြသူတွေဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

လိုဂိုတံဆိပ်အသေး ဝတ်ဆင်ထားသော အမျိုးသားများ

men's fashion and their relationship status

ထိုအမျိုးသားများသည် တည်ငြိမ်ရင့်ကျက်သူများ၊ သစ္စာရှိသူများ၊ ယုံကြည်ရသူများ၊ ကလေးထိန်းရာတွင် ကျွမ်းကျင်ပြီး ကလေးအကြောင်းကို နောကျေကြသူတွေဖြစ်ပါတယ်။ ထိုအချက်များကြောင့်လည်း သူတို့သည် သမီးရည်းစားဆက်ဆံရေးတစ်ခုတွင် ရေရှည်တည်တံ့သော Relationship တစ်ခုကိုသာ လိုချင်ကြတာပါ။

လိုဂိုတံဆိပ်အကြီး ဝတ်ဆင်ထားကြသူများ

men's fashion and their relationship status

လိုဂိုတံဆိပ်အကြီး ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူများကတော့ စောစောကအချက်များနဲ့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သူတို့သည် လွတ်လပ်မှုကို မြတ်နိုးပြီး တစ်စုံတစ်ယောက်က သူတို့က လာပြီး ထိန်းချုပ်ရင်လည်း မနှစ်သက်ကြပါဘူး။ ဒါ့အပြင် သူတို့သည် ကိုယ် ဝတ်ဆင်ထားတဲ့ တံဆိပ်နှင့်ပတ်သက်၍လည်း ဝါကြွားလိုစိတ်အနည်းငယ် ရှိတတ်ကြပါတယ်။

သင်ရော လိုဂိုတံဆိပ်အသေးကို ကြိုက်နှစ်သက်ပါသလား။ လိုဂိုတံဆိပ်အကြီးကို ကြိုက်နှစ်သက်ပါသလား။

Source: Brightside.me

Featured Photo Source: Logo Realm