ယနေ့ခေတ်မှာလူတိုင်းလိုလို အားကစားနဲ့ ကျန်းမာရေးကို အလေးထားလာကြပြီး Gym ကစားဖို့လည်း စိတ်အားထက်သန်လာကြပါတယ်။ Gym ကစားတာဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေရုံသာမက စိတ်ဖိစီးမှုလည်းလျော့ကျစေပြီး ကျန်းမာတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ပါတယ်။ သင့်အနေနဲ့ တစ်နေ့ကို၁ နာရီ Gym ကစားမယ်လို့ သတ်မှတ်ထားရင် တစ်နာရီအတွင်း ထိထိရောက်ရောက် ဆော့ဖို့တော့လိုပါမယ်။ဒါမှလည်း Gym ကစားခြင်းရဲ့ အကျိုးရလဒ်ကို သိသိသာသာခံစားရမှာပါ။ မဟုတ်ရင်တော့ အချိန်ကုန်လူပင်ပန်းတာပဲရှိပါလိမ့်မယ်။ ဒီနေ့မှာတော့ Gym ကစားတာနဲ့ ပတ်သတ်ပြီး လူတိုင်းရှောင်ကျဉ်သင့်တဲ့ အမှားတွေကိုပြောပြပေးချင်ပါတယ်။

(၁) သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း

Source : Waterloo Fitness

အလေးတုံးတွေနဲ့ မကစားမီ အနည်းဆုံး ၁၀ မိနစ်ခန့် သွေးပူလေ့ကျင့်ခန်း လုပ်ပေးဖို့လိုအပ်ပါတယ်။ ကားတစ်စီးကို မမောင်းမီ အင်ဂျင်ကိုအပူပေးဖို့ ခဏတာ စက်နိုးထားဖို့လိုအပ်သလို အလေးတုံးတွေနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမပြုလုပ်မီအချိန်မှာလည်း ခန္ဓာကိုယ်ကြွက်သားတွေပြေလျော့ဖို့နဲ့ နှလုံးခုန်နှုန်းကိုမြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Gym ရောက်ရင် အလေးတုံးတွေနဲ့ တန်းမကစားပဲ အရင်ဆုံးသွေးပူလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

(၂) ပစ္စည်းကိရိယာတွေကိုစောင့်ဆိုင်းနေခြင်း

Source : The Gym Lifestyle

ဘယ် Gym ရုံပဲ ဖြစ်ဖြစ် ကိုယ်လိုပဲကစားနေတဲ့ သူတွေအများကြီးရှိမှာသေချာပါတယ်။ညနေခင်းလိုအချိန်တွေမှာဆိုရင် လူပိုပြီးများတက်ပါတယ်။ ဒီလိုလူရှုပ်တဲ့ အချိန်တွေမှာ ဥပမာကိုယ်က Chest တွန်းမယ်ဆိုပါစို့။ ကိုယ့်ရှေ့မှာတစ်ယောက်က Chest ကစားတဲ့စက်မှာ ကစားနေလို့ စက်မအားတဲ့အခါ ဒီတိုင်းမတ်တပ်ရပ်ပြီး စောင့်ဆိုင်းနေတာက အချိန်ကုန်စေသလို တစ်ဘက်မှာကစားနေရတဲ့သူအတွက်လည်း စိတ်မဖြောင့်ဖြစ်စေပါတယ်။စက်မအားသေးရင် တခြားအလေးတုံးတွေနဲ့ ကစားပြီးစောင့်နေတာမျိုး Belly ရိုက်တာမျိုးအစရှိသဖြင့် လုပ်ဆောင်ခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချသင့်ပါတယ်။

(၃) Plan မရှိခြင်း

Source : The Gym Lifestyle

Gym ကစားတဲ့အခါ ကိုယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး မှန်ကန်တဲ့ကစားနည်းတွေကို ရွေးချယ်ကစားသင့်ပါတယ်။ကိုယ်က Weight Loss အတွက်လား Weight တင်ချင်တာလားစသည်ဖြင့် Target တစ်ခုထားပြီး သေချာဆော့သင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း gym instructor နဲ့ သေချာတိုင်ပင်ပြီး ဘယ်နေ့ကတော့ အောက်ပိုင်းထိုင်မယ် ဘယ်နေ့က Chest ဆော့မယ် စသည်ဖြင့် Plan ချပြီးကစားသင့်ပါတယ်။အကယ်၍ ဘာPlam မှမရှိပဲ Gym ကစားမယ်ဆိုရင် ဈေးဝယ်မယ့်စာရင်းမပါပဲ စူပါမားကပ်ထဲ ဝင်သွားတာနဲ့ တူနေပါလိမ့်မယ်။

(၄) အချိန်ကြာကြာအနားယူခြင်း

Source : Showbiz Cheat Sheet

လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြားမှာ အချိန်အကြားကြီးအနားယူတာဟာ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ဒီလိုလေ့ကျင့်ခန်းတစ်ခုပြီးတိုင်း အချိန်အကြာကြီးအနားယူတာ ဖုန်းသုံးနေတာတွေဟာ သင့်ကိုချွေးတိတ်သွားစေမှာဖြစ်ပြီး နောက်ထပ်လေ့ကျင့်ခန်းတွေထပ်လုပ်ဖို့လည်း ပျင်းရိသွားစေပါတယ်။အကောင်းဆုံးကတော့ လေ့ကျင့်ခန်းတစ်ခုလုပ်ပြီးတိုင်း အများဆုံး စက္ကန့် ၄၀ ခန့်သာအနားယူသင့်ပါတယ်။အနားယူနေစဉ်အချိန် အတွင်းမှာလည်း ဖုန်းသုံးတာ ထိုင်နေတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ ဒါ့ကြောင့်လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုအကြားတန်ဖိုးရှိတဲ့အချိန်တွေကို အလဟာသက်ကုန်ဆုံးမသွားစေဖို့ အထူးသတိပြုသင့်ပါတယ်။

(၅) တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများယူမလာခြင်း

Source : Balding Beards

Gym သွားတဲ့အခါ တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ ရေဗူး တဘက် အဝတ်အပို စတဲ့ပစ္စည်းတွေကို မဖြစ်မနေယူဆောင်သွားသင့်ပါတယ်။ Gym မှာက လူအများနဲ့ ချွေးသံတရွဲရွဲဆော့ကစားနေတာဖြစ်တဲ့အတွက် မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေအများကြီးရှိနေနိုင်ပါတယ်။ဒါကြောင့် Gym သွားတဲ့အခါ ကိုယ်ရဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေကို အသုံးပြုခြင်းကသာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။