စတိုင်ကျကျ ဝတ်တတ်မယ်ဆိုရင် Jeans တွေဟာ ရုံးတက်ဖက်ရှင်ကနေ ဘော်ဒါတွေနဲ့အတူ ကဲတဲ့ ညနေခင်းပွဲတွေအထိ အသုံးတည့်ပါတယ်။ ဒါကြောင့်ပဲ လူငယ်တိုင်းရဲ့ အဝတ်အစားဗီရိုထဲမှာ Jeans ဖက်ရှင် အနည်းဆုံးတစ်စုံတော့ ရှိနေကြတာ ဖြစ်ပါတယ်။ Jeans Pants တွေ ဝတ်ရတာ သဘောကျတဲ့ ယောင်္ကျားတွေအတွက် အထာကျကျ Jeans ဝတ်နည်း လျှို့ဝှက်ချက်တချို့ကို ပြောပြချင်ပါတယ်။

(၁) Quality မြင့်တဲ့ Jeans မျိုး ရွေးပါ

Be aware of the Jeans Quality

Photo: Unsplash

Jeans ဘောင်းဘီမှာ Quality က အရေးကြီးပါတယ်။ Jeans တစ်ခုရဲ့ အရည်အသွေးဆိုတာ Brand ဖြစ်ဖို့ထက် Indigo စတိုင် အရောင်ရင့်ရင့် ဖြစ်ရပါမယ်။ အသားကပ် Skinny မျိုးမဟုတ်ဘဲ Trim ဆန်ဆန် ကိုယ်နဲ့ Fit ဖြစ်နေရပါမယ်။ Straight-Legged လို့ ခေါ်တဲ့ ယောင်္ကျားဆန်ဆန် အောက်က တည့်ပွ သွားတာ ဖြစ်ရပါမယ်။ စုတ်ဖြဲထားတာ ၊ အကွက်နဲ့ အစင်းတွေ သိပ်မပါဘဲ သပ်ရပ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ Formal ဘက်ရောက်တာမျိုး ဖြစ်ရပါမယ်။ Smart Denim Jeans ဝတ်မယ်ဆိုရင် Sneakers တွေထက် လယ်သာသား Brogues တို့ Chukka Boots တို့နဲ့ တွဲဝတ်တာ ပိုလိုက်ဖက်ပါတယ်။

(၂) Classic ဒီဇိုင်း ဝတ်ပါ

Classic Look Jeans style

Photo: Unsplash

များသောအားဖြင့် Jeans တွေကို Casual Style အတွက်ပဲ ဝတ်ကြတာပါ။ ဒါကြောင့် Jeans နဲ့ ဘယ်တော့မှ မရိုးတဲ့ Classic Looks စတိုင်မျိုး ဝတ်တာ အကောင်းဆုံးပါ။ Sloppy Dressing လို့ ဗန်းစကားနဲ့ ပြောကြတဲ့ Jeans နဲ့ T-Shirt ဝတ်တာမျိုး ဖြစ်ပါတယ်။ Graphics တို့ Logo တို့ မပါဘဲ ကိုယ့်ဘော်ဒီနဲ့ Fit ဖြစ်နေတဲ့ Plain-Colored T-Shirt မျိုး ဝတ်ပါ။ တကယ်လို့ အလုပ်သွားရင်း ဝတ်မယ်ဆိုရင် Work Shirt လို့ ခေါ်ကြတဲ့ ကော်လာပါ ရှပ်လက်ရှည်/လက်တို သန့်သန့်တစ်ထည်နဲ့လည်း တွဲဝတ်နိုင်ပါတယ်။

တကယ်လို့ နည်းနည်း Formal ကျချင်ရင် Dress Shirt လို့ ခေါ်တဲ့ ပွဲတက်ရှပ်နဲ့ အပြာရင့်ရောင် Jeans ဘောင်းဘီတို့ တွဲဝတ်နိုင်ပါတယ်။ Dress Shirt ကို အဖြူဗြောင် ၊ မီးခိုးဖျော့ ၊ အပြာနု ကာလာတွေ ရွေးနိုင်သလို အဖြူရှပ်ကိုမှ အရောင်စင်း ခပ်ဖျော့ဖျော့ကွက်မျိုးကိုလည်း ရွေးနိုင်ပါတယ်။

(၃) Stylish ဖြစ်စေမယ့် Outfit ရွေးပါ

Choose Your Style

Photo: Unsplash

ရိုးရိုး Classic Style တွေက အမြင်မရိုးတာ မှန်ပါတယ်။ ဒါပေမဲ့လည်း Denim Jeans တွေနဲ့ စတိုင်ကျချင်ရင် Stylish Fashion ဒီဇိုင်းတွေ စဉ်းစားလို့ ရပါတယ်။ အပြာဖျော့ Jeans Pant ကို Sweater ပါးတစ်ထည်နဲ့ တွဲဝတ်တာမျိုး ဖြစ်ပါတယ်။ ဆောင်းရာသီလို အေးစိမ့်စိမ့်ရာသီမျိုးမှာ Jeans ဘောင်းဘီ ၊ Shirts တစ်ထည်နဲ့ Sweater ကောင်းကောင်း ဒါမှမဟုတ် Cardigan တစ်ထည် ထပ်ဝတ်နိုင်ပါတယ်။ တချို့က ပိုပြီး ကြည့်ကောင်းအောင် ဆွယ်တာကို လက်ခေါက်ပြီး ဝတ်တတ်ကြပါတယ်။

တကယ်လို့ အစည်းအဝေးတက်ရမှာဖြစ်ဖြစ် Event တစ်ခု ရှိလို့ သွားစရာ ရှိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ Navy-Blue ရောင် Blazer ကုတ်လေးကို ထပ်ဝတ်သွားလို့ ရပါတယ်။ Blazer ဝတ်မယ်ဆိုရင် ဝတ်မယ့် Jeans ဟာ Deep Indigo ကာလာမျိုးက ပိုလိုက်ဖက်ပါတယ်။