ကိုယ်ပိုင်စတိုင်တစ်ခု ရှိခြင်းဟာ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိစေသလို အများနဲ့ ဆက်ဆံချိန်မှာလည်း First Impression ကောင်း ရစေပါတယ်။ အလုပ်သွားဖို့ပဲ ဖြစ်ဖြစ် ချိန်းတွေ့တာ ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာ စသည်ဖြင့် နေရာတိုင်းမှာ ကိုယ်ဝတ်စားသွားတဲ့ စတိုင်က ကိုယ့်အကြောင်းကို ပြောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်စတိုင်တစ်ခုကို အကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်ဖို့ အခြေခံသိထားသင့်တဲ့ ဖက်ရှင် Tips လေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Suits

Photo: Freepik
Suit ဝတ်ရတဲ့ ကိစ္စတွေက အလုပ်ကိစ္စအရရော လူမှုရေးအရပါ အရေးကြီးလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးအစားကောင်းတဲ့ Suit ဖြစ်ဖို့ သတိပြုပါ။ ကိုယ်နဲ့ Fit ဖြစ်ပြီး ဝတ်ရတာ သက်တောင့်သက်သာနဲ့ ဝတ်လိုက်တိုင်း စိတ်ချမ်းသာတဲ့ ဝတ်စုံဖြစ်ဖို့အတွက်လည်း ဂရုစိုက်သင့်ပါတယ်။
(၂) နာရီ

Photo: Freepik
အမျိုးသားတစ်ယောက်အနေနဲ့ နာရီကောင်းတစ်လုံးတော့ ရှိထားသင့်ပါတယ်။ နာရီတစ်လုံးကို ရွေးချယ်ရာမှာ ကိုယ့်အကြိုက်လည်း ဖြစ်ရမယ် ၊ ကိုယ့်အတွက်လည်း Personal ခံစားမှုပေးနိုင်မယ့် နာရီမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။
(၃) Shoes

Photo: Freepik
Personal Style ကောင်းဖို့ ပစ်မထားသင့်တာ တစ်ခုက Shoes တွေ ဖြစ်ပါတယ်။ သက်တောင့်သက်သာရှိပြီး စီးလို့ကောင်းတဲ့အပြင် တာရှည်ခံစေမယ့် Quality မြင့် Shoes တွေ ဝယ်ထားတာက ရေရှည်အတွက် စိတ်ချရပါတယ်။ ထိပ်ဦးချွန်နဲ့ လေးထောင့်စပ်စပ် Shoes တွေဟာ ဒိတ်အောက်သွားတဲ့ ဖက်ရှင်တွေ ဖြစ်လို့ ထိပ်ဝိုင်း Shoes စတိုင်တွေပဲ ရွေးဖို့ အကြံပြုချင်ပါတယ်.
(၄) Jeans

Photo: Freepik
Jeans တွေကို ရုံးပိတ်ရက်တွေမှာ ဝတ်တဲ့ Casual ဖက်ရှင်အဖြစ် လူသိများပါတယ်။ တကယ်က Jeans ဖက်ရှင်ဟာ သက်တမ်းကြာသလောက် အခုထိကို လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်မယ်လို့ စဉ်းစားထားရင် ကိုယ့်အဝတ်ဗီရိုထဲမှာ Jeans ဘောင်းဘီနဲ့ ဂျာကင်လောက်တော့ ရှိထားသင့်ပါတယ်။
