ခန္ဓာကိုယ်ရနံ့ သင်းပျံ့ခြင်းသည် သင့်ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ သက်ဆိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ချွေးနံ့ အရမ်းပြင်းနေတယ်ဆိုရင် သင့်အနား ဘယ်သူမှ ကပ်ချင်မှာမဟုတ်ပါဘူး။

ချိုင်းချွေးနံ့ကလည်း လူတိုင်း ထွက်ကြပါတယ်။ နည်းနည်းထွက်တာနဲ့ များများထွက်တာပဲ ကွာသွားတာပါ။ တကယ်လို့ သင်သည် ချိုင်းချွေး လိုအပ်သည်ထက် အလွန်အကျွံထွက်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းများကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

ချိုင်းမွှေးရိတ်ပါ

man shaving armpits

Photo Source: Peteandpedro.com

သင့် ချိုင်းချွေးနံ့ ပြင်းရခြင်းရဲ့၈၀ ရာခိုင်နှုန်းသော အကြောင်းအရင်းသည် သင့်ရဲ့ချိုင်းမွှေးတွေကြောင့်ဖြစ်ပါတယ်။ ချိုင်းမွှေးထူထဲပြီး ချိုင်းမွှေးရှည်လေ ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားပြီး ချွေးနံ့ ပိုပြင်းလေပါပဲ။ ဒါ့ကြောင့် သင့်ချိုင်းမွှေးများကို ပုံမှန်ရိတ်ပေးဖို့လိုပါလိမ့်မယ်။

အနံ့ပြင်းသော ချွေးနံ့ပျောက်ဆေး အသုံးပြုပါ

man applying roll-on

Photo Source: Thesun.co.uk

ချိုင်းချွေး အလွန်အကျွံထွက်တဲ့သူတွေအဖို့ ချွေးနံ့ပျောက်ဆေးအပျော့စားတွေက အလုပ်မဖြစ်ပါဘူး။ အထူးသဖြင့် နွေရာသီဆို ပိုဆိုးပါတယ်။ ဒါ့ကြောင့် ရနံ့ပြင်းတဲ့ ချွေးနံ့ပျောက်ဆေးများ ဝယ်သုံးပေးပါ။

သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ပါ

man sweating a lot

Photo Source: Cheatsheet.com

သင့်ရဲ့ချွေးထွက်နှုန်းသည် သင်ဝတ်ဆင်တဲ့ အဝတ်အစားပေါ် အများကြီး မူတည်ပါတယ်။ ချည်သားအင်္ကျီများသည် သင့်အတွက် အသင့်တော်ဆုံးပါပဲ။

ရေနွေးနွေးဖြင့် အဝတ်မလျှော်ပါနဲ့

man washing clothes

Photo Source: Airtasker.com

သင့်ရဲ့ချွေးစိုနေတဲ့ အဝတ်အစားများကို ရေနွေးဖြင့် မလျှော်သင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ချွေးနံ့သည် အဝတ်အစားမှာ စွဲသွားပြီး အရင်ကထက် အနံ့ပိုဆိုးလာလို့ပါပဲ။ ရေအေးအေးဖြင့်သာ အဝတ်များကို စိမ်ထားသင့်ပြီး ချိုင်းကြားနေရာကိုလည်း သေချာပွတ်တိုက်ပေးရပါမယ်။

ခြေအိတ်များကို နေ့စဉ်လဲဝတ်ပါ

man wearing sock

Photo Source: Menshealth.com

ရှူးဖိနပ်၊ အားကစားဖိနပ် ဝတ်ဆင်သူအနေနဲ့ ခြေအိတ်တစ်ထည်တည်းကို တစ်ပတ်လုံး ဝတ်ဆင်မယ်ဆိုရင်တော့ လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့လည်း မညီညွှတ်တဲ့အပြင် သင့်ရဲ့ခန္ဓာကိုယ်ရနံ့သည်လည်း အရင်ကထက် ပိုပြင်းလာပါလိမ့်မယ်။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်း ခြေအိတ်လဲဝတ်ဖို့ လိုပါလိမ့်မယ်။

Source: In.askmen.com