ယောင်္ကျားလေးဆိုရင် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းဖြစ်မှ ကြည့်ကောင်းတယ်ဆိုတဲ့ အမြင်မျိုးက ၂ဝရာစုမှာ ကျန်ခဲ့ပါပြီ။ ၂၁ ရာစုမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီအောင် ဆင်ယင်တတ်မယ့် Fashion အမြင်ပဲလိုပါတယ်။ ကိုယ့်ကိုယ်ကို အရှိအတိုင်းလက်ခံပြီး အကောင်းဆုံးပြင်ဆင်တတ်ခြင်းက အရပ်မရှည်ရင်တောင် Self-Confidence အပြည့်ရှိစေလို့ တမူထူးခြားစွာကြည့်ကောင်းနေစေမှာ အသေချာပါပဲ။ ကဲဒါဆိုရင် အရပ်မရှည်ရကောင်းလားဆိုပြီး စိတ်ညစ်နေစရာမလိုတော့အောင် လမ်းညွှန်ပေးနိုင်မယ့် Tips လေးတွေ မျှဝေပေးပါရစေခင်ဗျာ။

(၁) Fitting ကျမယ့် အဝတ်စားမျိုးကို ရွေးချယ်ပါ

 fitting clothes

Photo : DMARGE

Fitting ဆိုရင်ကျပ်သပ်နေတဲ့ Cutting မျိုးကို ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်ရဲ့ အချိုးအဆစ်နဲ့ အညီ ကိုယ့်အတွက်သီးသန့် ကိုယ်တိုင်းပေးပြီးချုပ်ထားတယ်ထင်ရအောင် အံဝင်ခွင်ကျဖြစ်နေမယ့် Cutting မျိုးကိုဆိုလိုတာပါ။ ဥပမာပြောရရင် ရှည်ထွက်နေတဲ့ဘောင်းဘီမျိုးကို ခေါက်ဝတ်ထားတာထပ် ဆိုင်မှာသွားတိပြီးမှ ဝတ်တာမျိုးပေါ့။

(၂) Oversized Cutting မျိုးကို အထူးရှောင်ပါ

Avoid oversized details

Photo : The Courier

ပွယောင်းယောင်းဖက်ရှင်တွေဟာ ရှိရင်းစွဲအရပ်ထပ် ပုသယောင်ထင်ရစေပါတယ်။ ဥပမာအနေနဲ့ Oversized ကုတ်အင်္ကျီတွေကို ဝတ်မယ်ဆိုရင် အင်္ကျီအရှည်ဟာ ခါးအောက်ထိကျပြီး အိတ်ကပ်အကြီးကြီးတွေပါတာကြောင့် အမြင်အားဖြင့် ပိုမိုကျုံ့ဝင်သွားစေပါတယ်။ ဒါကြောင့်ကိုယ့်ခါးအရှည်နဲ့ကွက်တိကျမယ့် ကုတ်မျိုးကိုဝတ်ဆင်ခြင်းက အကောင်းဆုံးပါပဲ။

(၃) ရိုးရှင်းပြီးလိုက်ဖက်မယ့် အရောင်တစ်မျိုးသာတွဲဝတ်ပါ


Photo : Business Insider

အပေါ်အောက်တွဲဝတ်ရာတွင် အဆက်စပ်မရှိသောအရောင်များဝတ်မည်ဆိုလျှင် အရပ်ကိုပိုပုသွားစေတတ်ပါတယ်။ ဥပမာ- ရှပ်အင်္ကျီကိုဆင်စွယ်ရောင်ရွေးထားရင် ဘောင်းဘီကိုလည်း အရောင်နုဘက်သွားတာမျိုးသာတွဲဝတ်ပါ။ ဒါဆိုရင်မြင်ရတာရိုးရှင်းပြီး ရှိရင်းစွဲထပ်ရှည်တယ်ထင်ရအောင်ကို ကြော့မော့နေမှာဖြစ်ပါတယ်။

(၄) Pattern စိပ်တဲ့အဆင်မျိုးသာ ရွေးဝတ်ပါ

Choose a pattern

Photo : Wingman Magazine

ထူထဲတဲ့အစင်းကြောင်းများ၊ အကွက်ကျဲများပါတဲ့ အဝတ်အစားမျိုးကို အထူးရှောင်ပါ။ ဘာလို့ဆိုရင် အကွက်ကျဲကြီးတွေနဲ့ ထူထဲထဲအစင်းကြောင်းတွေက သင့်ကိုရှိရင်းစွဲထပ် ပိုသေးညှက်တယ်ထင်ရစေပါတယ်။ ဒါကြောင့်အကွက်စိပ်ပြီး သေးမျှင်တဲ့အစင်းလိုင်းများပါတဲ့ အဆင်မျိုးကိုသာရွေးချယ်လိုက်ပါ။

Featured Photo : Pinterest