လူတွေက စည်းမျည်းတွေ ချိုးဖောက်ပြီးတော့ ဖက်ရှင်စတိုင်အသစ်တွေ ဆန်းသစ် တီထွင်လာကြတယ်။ ဒါပေမဲ့ တချို့တွေက ရှိရင်းဖက်ရှင်စတိုင်ကို ပျက်စီးသွားစေနိူင်တဲ့ ဝတ်စားဆင်ယင်မူတွေ လုပ်တတ်ကြပါတယ်။ ဥပမာ ဝတ်ထားတဲ့ ဘောင်းဘီရှည်က စီးထားတဲ့ ရှုးဖိနပ် ပေါ်တင်နေတာ တွေက ကွီးတို့ရဲ့ ဖက်ရှင်ကိုပျက်စီးစေပါတယ်။

ဒီနေ့မှာ kwee page ကနေ အမျိုးသားတွေအတွက် အသုံးဝင်မယ့် ဖက်ရှင် အကြောင်း ပြောပြပေးသွားမှာပါ။

ဆွဲကြိုးများ၊ လက်ပက်နာရီများ လိုတာထက်ပို ဝတ်ဆင်တာ

တခါတလေ ဒါတွေက အနည်းငယ်ဆင်တာပဲ ကောင်းပါတယ်။ လက်ပက်နာရီ၊ ဆွဲကြိုး၊လက်ပက် များနှင့် ဦးထုပ် စတာတွေကို တချိန်ထဲမှာ ဝတ်ဆင်ခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့သွင်ပြင်ကို ကြည့်ရဆိုးစေပါတယ်။

အကြံပေးချင်တာကတော့ နာရီနှင့်နေကာမျက်မှန် (သို့) ရှုးဖိနပ်နှင့် တွဲဖက်ပေးတာက အကောင်းဆုံးပါပဲ။

အင်္ကျီလည်းပင်း ပုံစံ

ဒါကိုတော့ အမျိုးသားအများစု သတိမထားမိကြပါဘူး။ မိမိမျက်နှာနှင့် လိုက်ဖက်သော အင်္ကျီလည်းပင်း ပုံစံ ရွေးချယ်ဝတ်ဆင်တာက ရှိရင်းရုပ်ရည်ကိုပိုပြီးတော့ ပေါ်လွင်စေပါတယ်။ V-neck ပုံစံရှိတဲ့ အင်္ကျီတွေက လေးထောင့်ပုံစံ မျက်နှာရှိတဲ့သူ (သို့) အရပ်ရှည်ပြီး လည်းပင်တိုတဲ့သူနဲ့ လိုက်ဖက်ပါတယ်။

Suits

Suits နဲ့ကြည့်ကောင်းနေဖို့က မိမိနဲ့လိုက်ဖက်တဲ့ Suits ကိုရွေးချယ်ဝတ်ဆင်တာပါပဲ။ ဒီလိုရွေးချယ်ရာမှာ ကွီးတို့ရဲ့ အရပ်အမြင့်က အရေးကြီးဆုံးပါ။ ဥပမာ အရပ်ပုတဲ့ အမျိုးသားတွေက ကိုယ်နဲ့ fit ဖြစ်ပြီး ခါးတိုတဲ့ ဂျာကင်အင်္ကျီကိုရွေးချယ်သင့်ပါတယ်။ အရပ်ရှည်တဲ့သူတွေကတော့ ကြယ်သီး သုံးလုံးပါပြီး ခါးရှည် ဂျာကင်အင်္ကျီကိုရွေးချယ်သင့်ပါတယ်။

ဂျင်းဘောင်းဘီအပွနှင့်ကိုယ်ကျပ် ရှပ်အင်္ကျီ

အခြားကိုက်ညီမဲ့အရာတွေနဲ့ တွဲဖက်ဝတ်ဆင်နိူင်သရွေ့တော့ အဝတ်အစားတိုင်းလိုလိုက ဖက်ရှင်ပါပဲ။ ဒါပေမဲ့ ရှပ်အင်္ကျီ အရှည်နဲ့ဂျင်းဘောင်ဘီးအကျပ်ကို တွဲဖက်ဝတ်ဆင်တာကတော့ အမျိုးသားတွေအတွက် ကြည့်ရဆိုးစေပါတယ်။

ဂျင်းဘောင်းဘီအပွနှင့်မိမိကိုယ်လုံးနဲ့ လိုက်ဖက်မဲ့ (fitting) ရှပ်အင်္ကျီ ကိုတွဲဖက်ဝတ်ဆင်ပေးဖို့ အကြံပေးချင်ပါတယ်။

Source : Brightside

Featured Photo : SEAGALE