ဘဝမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတယ်လို့ ခံစားနေရပါသလား။ တခါတလေမှာ သင့်ဘဝရဲ့ ပျော်ရွှင်မှုတွေကို သင်ကိုယ်တိုင်တောင်မသိလိုက်ပဲ ဖျက်စီးနေမိတဲ့အချိန်မျိုးတွေရှိပါတယ်။ ဘယ်လိုအရာတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
(၁) ခံစားချက်ကိုဦးစားပေးလွန်းတာ

Source : Heart of Wellness
စိတ်ညစ်စရာတစ်ခုကြုံလာတိုင်း ငါပဲစိတ်ညစ်စရာတွေကြုံနေရတယ် ဘာကြောင့် ငါကျမှကံဆိုးရတာလဲ စသည်ဖြင့် ကိစ္စတိုင်းကိုလိုက်ပြီး ခံစားချက်ကြီးကြီးမားမားထားနေမိရင် ပျော်ရွှင်မှုဆိုတာပျောက်ဆုံးနေမှာဖြစ်ပါတယ်။ ဘဝဆိုတာဝမ်းနည်းရတဲ့အချိန်တွေရှိသလို ပျော်ရွှင်ရတဲ့အချိန်တွေလည်းရှိတာမို့ အဆင်မပြေတာကြုံတိုင်း အရမ်းကြီးမခံစားသင့်ပါဘူး။
(၂) တခြားသူတွေကိုမှီခိုလွန်းတာ

Source : The Catholic Weekly
သူငယ်ချင်းတွေဖြစ်စေ ချစ်သူဖြစ်စေ ကိုယ်ပတ်ဝန်းမှာရှိတဲ့ လူတွေကိုမှီခိုတွယ်တာလွန်းနေရင် သင့်ရဲ့ကိုယ်ပိုင် ပျော်ရွှင်မှုဆိုတာ ပျောက်ဆုံးသွားတက်ပါတယ်။ ကိုယ့်အတွက် ကိုယ်ကလွဲရင် ဘယ်သူမှအမြဲ အချိန်တိုင်းရှိနေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုအားကိုးမှသာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုအစစ်မှန်ကိုရရှိစေမှာဖြစ်ပါတယ်။
(၃) စိုးရိမ်စိတ်များလွန်းတာ

Source : istock
ဖြစ်မလာသေးတဲ့ ကိစ္စတစ်ခုကို ကြိုတွေးပြီး စိုးရိမ်ပူပန်နေတာက သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ပင်ပန်းမှုတွေသာပိုပြီး ရစေမှာဖြစ်ပါတယ်။ ဒါကြောင့်အတွေးမလွန်ပါနဲ့။ ရင်ဆိုင်ရမယ့်ကိစ္စဆိုရင်ဆိုင်လိုက်ပါ။ တစ်ခါတစ်လေမှာ ကိုယ်တွေးသလောက်မဆိုးတဲ့အခြေအနေတွေ ထင်ထားတာတက် အများကြီးပိုကောင်းတဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်တာမို့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပိတ်လှောင်မထားပါနဲ့။
(၄) သူများတွေနဲ့ နှိုင်းယှဉ်တာ

Source : Pinterest
လူတိုင်းလူတိုင်းက ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝကိုတန်ဖိုးထားမှသာ စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးကိုရရှိမှာဖြစ်ပါတယ်။ တခြားသူတွေကိုလိုက်ကြည့်ပြီး ကိုယ့်ဘဝကိုအားမလိုအားမရခြင်းတွေနဲ့ ရှေ့ဆက်နေရင် တနေ့တခြား သိမ်ငယ်မှုတွေ စိတ်ညစ်စရာတွေပဲ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သူများတွေနဲ့ နှိုင်းယှဉ်နေတာတွေကိုရပ်တန့်လိုက်ပါ။
