မိတ်ကောင်းဆွေကောင်းဆိုတာ ရတနာလောက် တန်ဖိုးရှိတဲ့အရာပါ။ မိတ်ဆွေကောင်းတစ်ယောက်ကြောင့် ဘဝလမ်းကြောင်းတွေ ပြောင်းလဲတိုးတက်လာနိုင်သလို မိတ်ဆွေတုတွေနဲ့ ပေါင်းသင်းမိလို့ ဘဝပျက်ရတဲ့အထိ ဖြစ်ရတဲ့သူတွေလည်း မနည်းပါဘူး။ ကိုယ်ပေါင်းနေတဲ့သူဟာ မိတ်ကောင်းဆွေကောင်း ဟုတ်ရဲ့လားဆိုတာ သိဖို့ လိုပါတယ်။ ဒီလို သိနိုင်အောင် အခုပြောမယ့်အချက်ကလေးတွေနဲ့ တိုက်ကြည့်နိုင်ပါတယ်။
(၁) ကိုယ့်အောင်မြင်မှုကို အသိအမှတ်မပြုသူ

Photo: Mensxp
စစ်မှန်တဲ့မိတ်ဆွေဆိုတာ သင့်အောင်မြင်မှုတွေကို အလေးအနက်ရှိသူ ၊ မုဒိတာဖြစ်ပြီး ဝမ်းမြောက်နိုင်သူတွေ ဖြစ်ပါတယ်။ သင်ပေါင်းတဲ့ မိတ်ဆွေတစ်ယောက်က သင်ရရှိလာတဲ့ အောင်မြင်မှုတစ်ခုခုအပေါ် အသိအမှတ်မပြုနိုင် ၊ မုဒိတာမပွားနိုင်ရင် ဘယ်လိုမှ မိတ်ဆွေကောင်း ဖြစ်မှာ မဟုတ်ပါဘူး။
(၂) အကူအညီလိုချိန် ဘေးနားမရှိတဲ့သူ

Photo: Mensxp
သင့်ဘဝရဲ့ အကျပိုင်းကာလတွေမှာ သင့်ကို ဖေးမကူညီပြီး လမ်းပြနိုင်တဲ့သူတွေ ရှိတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ မိတ်ဆွေစစ်ဆိုတာ အောင်မြင်ချိန်မှာ မျှဝေကြည်နူးနိုင်ပြီး ရှုံးနိမ့်ပြိုလဲချိန်မှာ ကူညီရပ်တည်ပေးသူကို ပြောတာပါ။ ဒီလိုမဟုတ်ဘဲ အားနည်းချိန်မှာ စွန့်ခွာသွားတဲ့သူဟာ သင့်အတွက် စစ်မှန်တဲ့မိတ်ဆွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
(၃) ကွယ်ရာမှာ သင့်အပြစ်တွေ ပြောတတ်သူ

Photo: Mensxp
လူတစ်ယောက်ရဲ့ စစ်မှန်မှုဟာ အနီးအဝေး ၊ အနိမ့်အမြင့် အတားအဆီးတွေနဲ့ ခြားနားပိုင်းဖြတ်လို့ မရတဲ့အရာ ဖြစ်ပါတယ်။ သင့်အပေါင်းအသင်းတစ်ယောက်က သင့်ရှေ့မှာ ပြုံးပြပြီး ကွယ်ရာမှာ သင့်အကြောင်း မကောင်းသတင်းတွေ မဲ့ရွဲ့ပြောနေရင် အဲ့ဒီလူဟာ သင့်အတွက် မိတ်ဆွေမဖြစ်နိုင်ပါဘူး။
(၄) သင့်ကို အသုံးချတဲ့သူ

Photo: Mensxp
မိတ်ဆွေဆိုတာ တစ်ယောက်ကို တစ်ယောက် ဖေးမထောက်ကူပြီး ခရီးဆက်ရတာပါ။ ကိုယ်ကြီးပွားဖို့ နေရာရဖို့ တခြားတစ်ယောက်ရဲ့ ပခုံးကို နင်းတက်ရတာမျိုး မဟုတ်ပါဘူး။ တကယ်လို့ သင့်မိတ်ဆွေတွေထဲမှာ သင့်ကို လိုသုံးလုပ်ပြီး သူ့အကျိုးသက်သက် အသုံးချသွားတဲ့သူတွေ ရှိနေရင် သူငယ်ချင်းစာရင်းကနေ ရှင်းထုတ်ပစ်ဖို့ အကြံပေးချင်ပါတယ်။
Featured Photo: firstthings
