အပြင်ထွက်တိုင်း ဝတ်ဖို့ မလိုပေမယ့် အမျိုးသားတွေရဲ့ အဝတ်ဗီရိုထဲမှာ Suit ကောင်းကောင်းတစ်စုံတော့ အနည်းဆုံး ရှိသင့်ပါတယ်။ Suti ဟာ လူကြီးလူကောင်းပုံစံကို ပေါ်လွင်စေတဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။
Suit ဝတ်တိုင်း သပ်ရပ်ခန့်ညားသွားတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ အခုပြောတဲ့ အမှားတွေ လုပ်မိလို့လည်း Suit ဝတ်တဲ့ ရည်ရွယ်ချက်ကို ဖျက်စီးမိတတ်ပါတယ်။

(၁) Suit ဆိုဒ်မမှန်ခြင်း

Photo: thehelmclothing

သင့်ကိုယ်လုံးနဲ့ ကြီးလွန်း ကျပ်လွန်းတဲ့ Suit ဝတ်တာဟာ သင့်ရဲ့ ဖက်ရှင်ကို အလိုအလျောက် ပျက်စီးအောင် လုပ်နေသလိုပါပဲ။ Suit တစ်စုံဟာ ဈေးကြီးဖို့ထက် ကိုယ်နဲ့ ဝတ်လို့ အဆင်ပြေစေဖို့ကလည်း အရေးကြီးပါတယ်။ ဆိုဒ်မမှန်တဲ့ Suit ဝတ်တာကတော့ ဘယ်လိုမှ အဆင်ပြေစရာအကြောင်း မရှိပါဘူး။

(၂) တွဲဝတ်တဲ့ အဝတ်အစား အရွေးများခြင်း

Photo: Freepik

Suit ဝတ်ရင် နောက်ထပ် မှားတတ်တာက နက်ခ်တိုင်အရောင်နဲ့ ပုံစံ pattern က ဝတ်ထားတဲ့ Suit တွေ Shirt တွေနဲ့ မလိုက်ဖက်တာပါပဲ။ နက်ခ်တိုင်အရှည်ဟာ ဘောင်းဘီခါးပတ်နားအထိပဲ ရှည်သင့်ပါတယ်။ အောက်ခံရှပ်က ပြောင်သားဆိုရင် Printed Ties တွေ သုံးသင့်ပါတယ်။
Suit နဲ့ တွဲဝတ်မယ့် ရှပ်အင်္ကျီကလည်း အရမ်းကျပ်လွန်း ချောင်လွန်မနေသင့်ပါဘူး။ တကယ်လို့ Suit အောက်မှာ Vest ဝတ်မယ်ဆိုရင်လည်း V-Shape ပုံစံမျိုးပဲ ရွေးသင့်ပါတယ်။ ဘောင်းဘီဆိုရင်လည်း သိပ်ရှည်လွန်း ပွလွန်းတာမျိုး မဖြစ်သင့်ဘဲ ဖြစ်နိုင်ရင် ကိုယ်တိုင်းနဲ့ ချုပ်ထားသင့်ပါတယ်။

(၃) ဖိနပ်နဲ့ ခြေအိတ် မကိုက်ခြင်း

Photo: Freepik

လူတွေက သင့်ကို အရင်ဆုံး သတိထားမိတဲ့ အရာက Shoes တွေ လို့ ဆိုကြပါတယ်။ ဒါကြောင့် Suit ဝတ်ရင် Shoes နဲ့ ခြေအိတ်တွေလည်း သတိထားရပါမယ်။ Shoes နဲ့ Suit ကာလာက အရောင်ဟပ်နေဖို့ လိုပါတယ်။ အနက်/အညိုရောင် လယ်သာရှုးစ်တွေ ၊ Oxford နဲ့ Loafers မျိုးတွေလည်း စီးသင့်ပါတယ်။

(၄) မဆိုင်တဲ့ ပွဲမှာ ဝတ်ခြင်း

Photo: Freepik

အနောက်တိုင်း ဝတ်စုံဆိုတာနဲ့ Formal ကျတယ်ဆိုပြီး ပွဲတိုင်း Suit ကြီးနဲ့ တက်လို့ မရပါဘူး။ ကိုယ်ဝတ်တဲ့ အဝတ်အစားဟာ ကိုယ်တက်တဲ့ အခမ်းအနားနဲ့ ကွက်တိကျ လိုက်ဖက်နေဖို့ လိုပါတယ်။ စမတ်ကျတယ်ဆိုပေမယ့် မဆိုင်တဲ့ ပွဲမှာ Suit ဝတ်ပြီး ပွဲတက်ရင်တော့ ရှက်စရာကောင်းပါလိမ့်မယ်။