အခုနောက်ပိုင်း ပေါ့ပါးပြီး စမတ်ကျတဲ့ အမျိုးသားဝတ် ဖက်ရှင်တွေထဲမှာ Suit နဲ့ Sneakers အတွဲအစပ်က တော်တော်လေး လူကြိုက်များ လာပါတယ်။ Suit တွေကို Sneakers နဲ့ တွဲဝတ်တဲ့ အခါ အရောင်နဲ့ ဒီဇိုင်း ရွေးချယ်မှုက အဓိက ကျပါတယ်။ Suit Sneakers တစ်ရံဝယ်တော့မယ်ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ စတိုင်ကျတဲ့ ဘက်ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ဖက်ရှင်ကို ပိုမိုပေါ်လွင်စေပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေစေမှာပါ။ ဒီတစ်ခေါက်တော့ ပေါ့ပါးပြီး စမတ်ကျကျ ဝတ်စားချင်တဲ့ ကွီးတို့အတွက် Suit နဲ့ ဝတ်ဖို့ အကောင်းဆုံး Sneakers ၆ ရံကို ညွှန်းပေးချင်ပါတယ်။
(၁) Greats
Photo : Dmarge
Greats Brand ဟာ ၂၀၁၂ ခုနှစ်က နယူးယောက်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Footwear အမှတ်တံဆိပ် တစ်ခု ဖြစ်ပါတယ်။ ရိုးရှင်းပြီး စတိုင်ကျတဲ့ ဖိနပ်ဒီဇိုင်းတွေကြောင့် ရေပန်းစားပြီး အမျိုးသားဝတ် Sneakers ဒီဇိုင်းတွေ ရွေးချယ်စရာ အတော်လေးများပါတယ်။ ဒီထဲကမှ Greats’ Royale Sneaker Collection ဟာဆိုရင် ပရီမီယံ Materials တွေနဲ့ ချုပ်လုပ်ထားပြီး ရိုးရှင်းတဲ့ Timeless ဒီဇိုင်းနဲ့အတူ Suitတွေနဲ့ တွဲဝတ်လို့အလိုက်ဖက်ဆုံး ဖြစ်စေမယ့် Sneakers တွေပဲ ဖြစ်ပါတယ်။
(၂) Oliver Cabell

Photo : Dmarge
Oliver Cabell အမှတ် တံဆိပ် Sneakers တွေက အရည်အသွေး အထူးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်မှုကြောင့် နာမည်ကြီးပါတယ်။ လက်နဲ့ ချုပ်လုပ်ထားတဲ့ European-made ဖိနပ်တွေကိုမှ ဈေးသက်သက်သာသာနဲ့ ရေရှည်ခံတဲ့ ပရီမီယံဒီဇိုင်းတွေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီထဲကမှ အဖြူရောင် Low 1 Sneakers တွေက Suit တွေနဲ့ တွဲဝတ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။
(၃) Converse

Photo : Dmarge
Converse ကတော့ Sneakers ချစ်သူတွေကြားမှာ နာမည်ကြီးပြီးသား Brand တစ်ခု ဖြစ်ပါတယ်။ Street Style ဖက်ရှင်ရဲ့ အမှတ်အသားတစ်ခုလို့ ပြောရလောက်တဲ့ Sneakers အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ Converse ရဲ့ Jack Purcell လည်သာ Sneakers တွေက ခေတ်မီဆန်းသစ်ပြီး အတော်လေး ဆွဲဆောင်မှုရှိတဲ့အပြင် Suit တွေနဲ့ တွဲဝတ်နိုင်မယ့် အကောင်းဆုံး Sneakers တွေပဲ ဖြစ်ပါတယ်။
(၄) Scarosso

Photo : Dmarge
Scarosso တံဆိပ်က ၂၀၁၀ မှာ စတင်တည်ထောင်ခဲ့တဲ့ Luxury Shoes Brand တစ်ခု ဖြစ်ပါတယ်။ Scarosso Sneakers တွေ အားလုံးဟာ အရည်အသွေးမြင့် ပစ္စည်းတွေနဲ့ အီတလီလက်မှုပညာကို အခြေခံပြီး ဖန်တီးချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ခြေလှမ်းတိုင်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ Scarosso ရဲ့ကျွမ်းကျင်တဲ့ လက်မှုပညာသည်တွေရဲ့ ဖန်တီးမှု လက်ရာကို ခံစားမိစေမှာ ဖြစ်ပြီး Classic ဆန်တဲ့ ဒီဇိုင်း ၊ ကာလာတွေနဲ့အတူ Suitတွေနဲ့ တွဲဝတ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။
(၅) Veja

Photo : Dmarge
Veja အမှတ်တံဆိပ် Sneakersတွေကတော့ ခေတ်မှီပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ အမျိုးသားတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ Veja Brand ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အော်ဂဲနစ်ဝါဂွမ်းနဲ့ အမေဇုန် ရော်ဘာတွေကို အခြေခံကာ ရေရှည်ဝတ်လို့ရအောင် ဖန်တီးချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ Veja Sneakers တွေက အရောင်ခပ်ဖျော့ဖျော့နဲ့ စတိုင်မိစေပြီး ဘယ်လို Suitဝတ်စုံမျိုးနဲ့ မဆို လိုက်ဖက်မှု ရှိပါတယ်။
(၆) Common Projects

Photo : Dmarge
နာမည်ကြီး Luxury Footwear Brand တွေလို့ ပြောရင် Common Projects က မပါမဖြစ်ပါပဲ။ Common Projects အမှတ်တံဆိပ်ကို Peter Poopat နဲ့ Flavio Girolami တို့က ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သက်တောင့်သက်သာနဲ့ စမတ်ကျတဲ့ Shoes တွေကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ခဲ့ ကြတာပါ။ လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကျော်ကြားတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပြီး ခေတ်မီဆန်းသစ်မှုနဲ့အတူ ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ Sneakers အများအပြားကို ထုတ်လုပ်လျက်ရှိပါတယ်။ Common Projects ရဲ့Sneakers တွေကလည်း Suitတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။
Featured Photo : Dmarge

