ပရော်ဖက်ရှင်နယ် Dota 2 Player တစ်ယောက်ဖြစ်တဲ့ Sumail (Syed Sumail Hassan) ကို Pakistan နိုင်ငံ Karachi မြို့မှာ (၁၉၉၉) ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ လက်ရှိ Evil Geniuses (EG) အသင်းမှာ အဓိက ကစားသမားအနေနဲ့ ကစားနေပါတယ်။ သူဟာ Dota ဂိမ်းကို အသက် (၈) နှစ်အရွယ်ကတည်းက စတင်ကစားခဲ့ပြီးတော့ အခုလက်ရှိမှာတော့ ကမ္ဘာ့အကောင်းဆုံး Mid Player (၁၀) ဦးစာရင်းမှာ ပါဝင်နေပါတယ်။

Sumail ဟာ Dota ကစားရတာကို အရမ်းဝါသနာပါတဲ့ အတွက်ကြောင့် သူ့ရဲ့ စက်ဘီးကိုတောင် ဂိမ်းကစားရဖို့အတွက် ရောင်းခဲ့ဖူးပါတယ်။

Source: Dota Blast

(၂၀၁၂) ခုနှစ်မှာ US ကို မိသားစုနဲ့ အတူ ပြောင်းရွှေ့သွားခဲ့ပါတယ်။ Elite League မှာ ကစားရင်းနဲ့ မြောက်အမေရိက အကောင်းဆုံးကစားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့ကစားပုံကို သဘောကျခဲ့တာကြောင့် EG အသင်းက (၂၀၁၅) မှာ Sumail ကို ခေါ်ယူခဲ့ပါတယ်။ အဲ့နှစ်မှာပဲ Las Vegas မှာကစားခဲ့တဲ့ Dota 2 League Season 5 ပြိုင်ပွဲမှာ အသင်းရဲ့ရလဒ်ဆိုးရွားခဲ့တာကြောင့် Sumail ရဲ့ အရည်အချင်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလမှာတော့ Sumail အတွက် သူ့ရဲ့ အရည်အချင်းကို ပြဖို့အတွက် ဒုတိယအခွင့်အရေးရခဲ့ပါတယ်။ Dota 2 Asia Championships ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်မှာပဲ Shadow Fiend ကို သူများနဲ့မတူအောင် Euls Scepter Of Divinity နဲ့ ဆော့ပြခဲ့ပါတယ်။ EG အသင်းက အုပ်စုပွဲစဉ်တွေမှာ (၁၁) ပွဲနိုင် (၄) ပွဲရှုံး ရလဒ်နဲ့ ထိပ်ဆုံးလေးသင်းစားရင်းဝင်ခဲ့ပါတယ်။ Sumail ရဲ့ လက်စွမ်းပြမှုနဲ့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ Navi ၊ Secret အသင်းတို့ကို ကျော်ဖြတ်ပြီးတော့ ဗိုလ်လုပွဲ တတ်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ နာမည်ကြီး တရုတ်အသင်းတစ်သင်းဖြစ်တဲ့ VG နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရပါတယ်။ EG အသင်းဟာ အဆိုပါ တရုတ်အသင်းကို Upper Bracket မှာ ရှုံးနှိမ့်ခဲ့ဖူးတာကြောင့် ဗိုလ်လုပွဲမှာလည်း အလားတူ ရှုံးမှာပဲလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အသက် (၁၆) နှစ်သာရှိသေးတဲ့ Sumail က အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲ အပြီးမှာ Sumail ဟာ အကောင်းဆုံး Storm Spirit Player အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Source: Muslim World Journal

Sumail ရဲ့နောက်ထပ် အောင်မြင်မှုမှတ်တိုင်တခုကတော့ The International 2015 ပြိုင်ပွဲကြီးပါ။ ပရော်ဖက်ရှင်နယ် Dota 2 Player တိုင်းရဲ့ အိပ်မက်တစ်ခုလို့ ပြောလို့ရတဲ့ ကမ္ဘာ့ ကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲတခုပါ။ အဆိုပါ ပြိုင်ပွဲမှာလည်း EG အသင်းက ဗိုလ်လုပွဲတတ်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ တရုတ်နာမည်းကြီး CDEC Gaming အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

EG အသင်းဟာ CDEC Gaming အနိုင်ရပြီးတော့ သူတို့ရဲ့ပထမဆုံး The International 2015 ဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ Sumail ဟာလည်း Esports သမိုင်းတလျှောက်မှာ ဒေါ်လာ (၁) သန်းကျော် ဆုကြေးချီးမြှင့်တဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ TI5 ဖလားရတဲ့ အချိန်မှာ Sumail ရဲ့အသက်ဟာ (၁၆) နှစ်နဲ့ (၁၇၆) ရက်သာ ရှိပါသေးတယ်။

Source: Wali Zahid

Sumail က Cheese Pizza စားရတာ ကြိုက်ပြီးတော့ နှစ်ရက်ကို တစ်ကြိမ်လောက် စားလေ့ရှိတယ်လို့ ပြောဖူးပါတယ်။ ပြီးတော့ Sumail က NBA ဘက်စကက်ဘော ပြိုင်ပွဲရဲ့ပရိသတ်တစ်ဦးဖြစ်ပါတယ်။ Time Magazine’s ရဲ့ (၂၀၁၆) ခုနှစ် ဆယ်ကျော်သက်တွေအပေါ် သြဇာလွှမ်းမိုးမှု အရှိဆုံး လူ ၃၀ စာရင်းမှာပါဝင်လာတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

ယခုလက်ရှိအချိန်ထိ Sumail ဟာ EG အသင်းရဲ့ အဓိက ကစားသမားအဖြစ်ဆက်ရှိနေပါသေးတယ်။