ပူပြင်းသော နွေရာသီမှာ ဖက်ရှင်ကျကျ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားဆင်ယင်ရတာက စိန်ခေါ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နေရောက်အောင်မှာ ဖက်ရှင်ကျနေအောင် ဝတ်စားဆင်ယင်ဖို့အတွက် အဝတ်အစားကို သေချာရွေးချယ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီဆောင်းပါလေးကနေ ပုရိသတို့အတွက် နေရောင်အောက်မှာ စတိုင်လ်မိမိ ဂေါ်ထွက်နေစေဖို့ Summer ဖက်ရှင် အိုင်ဒီယာကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရှပ်အင်္ကျီနဲ့ ဘောင်းဘီတို

Summer ဖက်ရှင်

Photo: APE

ကွီးတို့က ဘောင်းဘီတို ဝတ်လေ့ဝတ်ထမရှိရင်တောင်မှ နွေရာသီက ဘောင်းဘီတိုနဲ့ စတိုင်လ်ကျအောင် Try ကြည့်သင့်တဲ့ ရာသီပဲ ဖြစ်ပါတယ်။ ရှပ်အပွတစ်ထည်ကို ကြယ်သီးအနည်းငယ်ဖြုတ်ပြီး ကွီးတို့စိတ်ကြိုက် ဘောင်းဘီတိုနဲ့ ဝတ်ဆင်လိုက်ပါ။ ပိုပြီး အထာကျအောင် နေကာမျက်မှန်တပ်ဖို့ မမေ့ပါနဲ့။ ဒီစတိုင်လ်က ကွီးတို့ကို ပေါ့ပါးလွတ်လပ်မှုကို ပေးစွမ်းနိုင်ပြီး ကမ်းခြေနဲ့လည်း လိုက်ဖက်တဲ့ Summer ဖက်ရှင် ပဲဖြစ်ပါတယ်။

Photo: Under 50

ဒါ့အပြင် ဘောင်းဘီတိုတွေကို တီရှပ်နဲ့ ဖြစ်စေ၊ တီရှပ်အပွတွေနဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်တာကလည်း နွေရာသီနဲ့လည်း လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

အဖြူရောင်တီရှပ်နဲ့ ဘောင်းဘီအမျိုးမျိုး

Summer ဖက်ရှင်

Photo : AZURo

ပုရိသတို့အတွက် နွေရာသီဖက်ရှင်ကို ပြောပါဆိုရင် အခြေခံအကျဆုံးကတော့ အဖြူရောင်တီရှပ်တွေပါပဲ။ အဖြူရောင်က နွေရာသီနဲ့ အလိုက်ဖက်ဆုံးအရောင်ဖြစ်ပြီး အေးမြမှုကို ခံစားရစေတဲ့ အရောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့။ ကွီးတို့မှာ ရှိတဲ့ အဖြူရောင်ရှပ်တစ်ထည်ကို Chinos ဘောင်းဘီ သို့မဟုတ် ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပြီး နေရောင်အောက်မှာ ပေါ့ပါ့ပါးလွှင့်လိုက်ပါ။

ချည်သားရှပ်အင်္ကျီ

Summer ဖက်ရှင်

Photo : Pinterest

နွေရာသီမှာ အနည်းငယ်ပွတဲ့ ချည်သားရှပ်ရောင်စုံတွေကို ဝတ်ဆင်တာကလည်း တကယ်ကို အထာကျကျနဲ့ စတိုင်လ်မိစေမယ့်အပြင် သက်တောင့်သက်သာ ရှိစေပါတယ်။ ရှပ်အင်္ကျီကို ကြယ်သီးအနည်းငယ် ဖြုတ်ပြီး လက်ကို ခေါက်တင်ထားတဲ့ စတိုင်လ်က ပေါ့ပါးလွတ်လပ်မှုနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပေါ်လွင်စေပါတယ်။

Fresh Prints ရှပ်အင်္ကျီများ

Photo : The United

များသောအားဖြင့် ပုံမှန်အချိန်မှာ ဒီဇိုင်းမျိုးစုံ၊ ကာလာစုံနဲ့ Fresh Prints ရှပ်အင်္ကျီတွေကို ဝတ်ဆင်ဖို့ ယောက်ျားလေး တော်တော်များများ တွန့်ဆုတ်လေ့ရှိပါတယ်။ သို့သော်လည်း ဒီလို ရှပ်အင်္ကျီတွေက နွေရာသီမှာ Street ဖက်ရှင်အနေနဲ့ ဝတ်ဖို့ အလိုက်ဖက်ဆုံးပါပဲ။

Photo : 7 Secret

ဒါ့အပြင် ဒီရှပ်တွေက ဖက်ရှင်ကျပြီး သစ်လွင်ပေါ့ပါးကာ ဆန်းသစ်မှုကို ပေးစွမ်းနိုင်တဲ့ စတိုင်လ်တစ်ခုပါ။ ဘောင်းဘီမျိုးစုံနဲ့လည်း တွဲဖက်ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ နွေရာသီ ကမ်းခြေတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ ဂေါ်ချင်တယ်ဆိုရင်တော့ Fresh Prints ရှပ်တစ်ထည်က မရှိမဖြစ်နော်။

T Shirt များ

Photo : Frequency

နွေရာသီနဲ့ သင့်တော်တဲ့နောက်ထပ် စတိုင်လ်တစ်မျိုးကတော့ အရိုးရှင်းဆုံးနဲ့ ဘယ်တော့မှ ခေတ်နောက်ကျမကျန်ခဲ့စေမယ့် T Shirt များကို ကွီးတို့ စိတ်ကြိုက်ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ ဒီစတိုင်လ်က လူငယ်ဆန်စေကာ ငယ်ရွယ်နုပျိုပြီး သွက်လက်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

Photo : Build Wild Thought

နွေရာသီ ဖြစ်တဲ့အတွက် T Shirt များကို ဝတ်ဆင်တဲ့နေရာမှာ ခန္ဓာကိုယ်ထက် အနည်းငယ်ကြီးပြီး ပွပွချောင်ချောင်ရှိသော အရွယ်အစားကို ရွေးချယ်ပါ။ အရောင်ရွေးချယ်ရမှာလည်း နွေရာသီ ဖြစ်တဲ့အတွက် ငြိမ်သောအရောင်နုများကို ဦးစားပေးရွေးချယ်ပါ။

ပုရိသတို့အတွက် နွေရာသီမှာ‌ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျစေမဲ့ Summer Fashion တွေကို‌ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီနဲ့ လိုက်ဖက်တဲ့ Accessories တွေဖြစ်တဲ့ နေကာမျက်မှန်၊ ဦးထုတ်စတာတွေနဲ့လည်း ကွီးတို့ဖက်ရှင်ကို တစ်ဆင့်မြှင့်တင်လို့ရပါတယ်။

Featured Photo : Pinterest