ရာသီဥတုက ပူစပ်စပ်။ ကိုယ့်အိမ်နဲ့ အလုပ်ပဲ တရစပ်လုပ်ရတာ ကြာတော့ နွေရာသီဟာ ငြီးငွေ့စရာဖြစ်မှာ အမှန်ပါပဲ။ ဒီတော့ နွေရာသီရဲ့ ထိုင်းမှိုင်းချင်စရာကောင်းတဲ့ ခံစားချက်ကို ရုံးပိတ်ရက်ခွသင့်ယူပြီး ကမ်းခြေမှာ အပန်းဖြေသင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကမ်းခြေကို သွားမယ်ဆိုရင် စိတ်ကို လန်းဆန်းစေပြီး ကိုယ့်ကိုယ်ကို ကျေနပ်ရတဲ့ ဖက်ရှင်အတွက် စဉ်းစားထားသင့်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကမ်းခြေဖက်ရှင်အတွက် ကွီးတို့ ခေါင်းမစားရအောင် အိုင်ဒီယာလေးတွေ ပေးသွားမှာ ဖြစ်ပါတယ်။

(၁) Fitting ကျတဲ့ ဝတ်စုံ

Source: wear4trend.com

လူတော်တော်များများ ထင်တာက နွေရာသီမှာ အင်္ကျီဘောင်းဘီဆို ခပ်ပွပွနဲ့မှ ကိုက်မယ် ထင်နေတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ခန္ဓာအတိုင်းအတာထက် ဆိုဒ်ပိုကြီးတဲ့ ဝတ်စုံတွေဟာ ကိုယ့်ရဲ့ စတိုင်ကို တနည်းနည်းနဲ့ ဖျက်ရာ ရောက်ပါတယ်။ ကမ်းခြေမှာ ပိုလိုရှပ်လို အပေါ်ဆုံးကြယ်သီး ၂ လုံးလောက်ဖြုတ်ပြီး ကိုယ်နဲ့ ကွက်တိ စမတ်ကျတဲ့ ရှပ်နဲ့ ဘောင်းဘီတို ဝတ်ကြည့်ပါ။ သက်တောင့်သက်သာ ရှိသလို ကြည့်ရတာလည်း လန်းနေမှာ ဖြစ်ပါတယ်။ ဝတ်သင့်တဲ့ အိုင်ဒီယာအနေနဲ့ ဗြောင် T-Shirts ကို Short Pant အကွက် ဒီဇိုင်းတွဲဝတ်သင့်ပါတယ်။

(၂) ချည်သားဗြောင်ဝတ်စုံ

Source: europann.com

ရိုးရိုးရှင်းရှင်းနဲ့ သဘာဝဆန်တဲ့ အရောင်နုနု ချည်သား ဝတ်စုံလေးတွေက ကမ်းခြေနဲ့ တကယ်လိုက်ပါတယ်။ အပူသက်သာစေသလို စိတ်ကိုလည်း ကြည်စေတာကြောင့် ချည်သား ရှပ်လက်ရှည် နဲ့ Shorts တွေက လေထန်ထန် လှိုင်းသံပြင်းတဲ့ ကမ်းခြေမှာ ထင်ရှားသားနားစေမှာပါ။

(၃) ကာလာဟပ်တဲ့ ဝတ်စုံ

Source: WEAR4TREND

ကမ်းခြေမှာ သွားမယ်ဆိုရင် သံပုရာဝါရောင် ၊ လိမ္မော်ရောင်နဲ့ သဲနုရောင်လေးတွေ ရွေးဝတ်သင့်ပါတယ်။ နည်းနည်း မှိုင်းတဲ့ အရောင်ကို သဘောကျတယ်ဆိုရင်တော့ အဝါနုရောင် နဲ့ မီးခိုးရောင် ဝတ်စုံမျိုး ရွေးချယ်တာ ကောင်းပါတယ်။ ကော်လာပျောက် T-Shirts နဲ့ ဘောင်းဘီတိုလေးတွေက စတိုင်ကျတဲ့ အတွဲဖြစ်လို့ စမ်းဝတ်ကြည့်သင့်ပါတယ်။ ဒီဇိုင်းအနေနဲ့ အကွက်တွေ ၊ အပွင့်အခက်တွေ ကိုယ်က်ရာကြိုက်ရာဝတ်ကြည့်လို့ အဆင်ပြေပါတယ်။ အဓိကကတော့ အပေါ်အောက် ဝတ်စုံမှာ ကာလာ အရမ်းမကွဲဘဲ လိုက်ဖက်နေဖို့ပါ။

ကမ်းခြေမှာ ရေကူးရမှာ ဖြစ်လို့ ရေကူးဝတ်စုံလည်း လိုပါတယ်။ ရေကူးဝတ်စုံတစ်ခုဟာ သက်တောင့်သက်သာရှိပြီး လှုပ်ရှားမှုတိုင်းမှာ စတိုင်ကျနစေမယ့် ဝတ်စုံ ဖြစ်ရမှာပါ။ အကောင်းဆုံးရေကူးဝတ်စုံကတော့ ရေထဲက တက်လို့ မကြာခင်မှာ ရေအမြန်ခြောက်တဲ့ ဝတ်စုံမျိုး ဖြစ်ပါတယ်။

Source: Pinterest

ဂျင်းဘောင်းဘီသား ကြိုက်တယ်ဆိုရင်လည်း ဂျင်းပင်န်တိုလေးတွေကို တီရှပ်နဲ့ တွဲဝတ်သင့်ပါတယ်။ ချည်သားအနေနဲ့ လီနင်ချည် ၊ ဝါချည်နဲ့ ရက်လုပ်ထားတဲ့ အဝတ်အထည်တွေဟာ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသွက်လက်စေမယ့် ဝတ်စုံတွေ ဖြစ်လို့ ဒီဝတ်စုံတွေကိုလည်း ကမ်းခြေဖက်ရှင်အနေနဲ့ ထည့်ပြီး စဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။