ပူအိုက်တဲ့ နွေရာသီကို ရောက်လာပြီဆိုတော့ နေ့အပူချိန်တဲ့ အံ့တုနိုင်ဖို့အတွက် ပါးလျပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်သင့်ပါပြီ။ ဖက်ရှင်လည်း ကျရမယ် အပူဒဏ်သက်သာတဲ့ အဝတ်အစားလည်း ရွေးချယ်ရမယ်ဆိုတော့ နည်းနည်းတော့ခေါင်းရှုပ်ခံရပါမယ်။
ခေါင်းရှုပ်မခံချင်တဲ့အမျိုးသားများအတွက် အဆင်သင့်လေး ထုတ်ဝတ်နိုင်ဖို့အတွက် နွေရာသီဖက်ရှင်စတိုင်လ်တချို့ကို ဝေမျှပေးလိုက်ပါတယ်။
နွေရာသီအင်္ကျီ
နွေရာသီဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအင်္ကျီလေးတွေပါပဲ။ လက်တိုအင်္ကျီလေးတွေက အအိုက်သက်သာပေမယ့် နေပူထဲသွားမယ်ဆိုရင်တော့ လက်ရှည်အပါးအင်္ကျီတွေကို ဝတ်ဆင်သင့်ပါတယ်။
လက်ရှည်ဝတ်ထားတဲ့အချိန်မှာ အိုက်လာတယ်ဆိုရင်တော့ အခုလိုမျိုး ကျကျနနခေါက်တင်ထားတာကလည်း ဖက်ရှင်တစ်မျိုးပါပဲ။
နွေရာသီဖက်ရှင် အတွဲအစပ်များ
နွေရာသီမှာ ပြောင်တီရှည်တွေထက်စာရင် အပွင့်အဆင်တီရှပ်များက ရာသီဥတုနဲ့ ပိုလိုက်ဖက်ပြီး ပိုဖက်ရှင်ကျပါတယ်။
အစင်းကျားတီရှပ်တွေနဲ့ လိုက်ဖက်တာကတော့ ဘောင်းဘီအတိုလေးတွေပဲဖြစ်ပါတယ်။ ဖိနပ်ဆိုရင်လည်း လူငယ်ဆန်တဲ့ ကွင်းထိုးဖိနပ်လေးတွေက ခေတ်စားပါတယ်။ နွေရာသီမှာ ရှိုးထုတ်လို့ကောင်းတဲ့နောက်အချက်တစ်ခုကတော့ နေကာမျက်မှန်ပဲဖြစ်ပါတယ်။
ချည်သားအင်္ကျီကို ဒီလိုဖက်ရှင်ကျအောင် ဝတ်မယ်
အင်္ကျီကြယ်သီးကို အပြည့်မတပ်ဘဲ အနည်းငယ် ဟထားခြင်းက ဆွဲဆောင်မှု ပိုတိုးစေပါတယ်။ အထူးသဖြင့် သင့်မှာ ရင်အုပ်ကြွက်သားနဲ့ တောင့်တောင့်တင်းတင်းရှိတယ်ဆိုရင် ပိုပြီးဆွဲဆောင်မှုရှိတာအမှန်ပါပဲ။
နွေရာသီမှာ ခေတ်စားတဲ့ ဘောင်းဘီအရောင်များ
ဒီအရောင် (၄) ရောင်ကတော့ နွေရာသီမှာ ခေတ်စားတဲ့ အရောင်များဖြစ်ပါတယ်။ ဒါပေမဲ့ ဂျင်းဘောင်းဘီထက်စာရင် ချီနိုဘောင်းဘီလေးတွေက ပိုအေးပြီး ပိုသက်သောင့်သက်သာရှိပါတယ်။
ဘောင်းဘီတိုများ
ဘောင်းဘီတိုရွေးဝယ်တဲ့အခါမှာလည်း အမျိုးအစားတစ်မျိုးတည်းကို နှစ်ထည်၊ သုံးထည်ရွေးဝယ်တာထက်စာရင် ဂျင်းဘောင်းဘီတို တစ်ထည်၊ အားကစားဘောင်းဘီအတို တစ်ထည်၊ စတိုင်လ်ဘောင်းဘီအတိုတစ်ထည်၊ ချည်သားဘောင်းဘီအတိုတစ်ထည် စသည်ဖြင့် အမျိုးအစားမတူတာ ရွေးဝယ်ပါ။
ဂျင်းဘောင်းဘီအတို ဝတ်တဲ့အခါ
ဂျင်းဘောင်းဘီအတိုကို တီရှပ်အဖြူ၊ Sneaker ဖိနပ်အဖြူနဲ့ဆို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းတောက်ပြောင်ကာ ဖက်ရှင်ကျနေမှာပါ။
နွေရာသီနဲ့ လိုက်ဖက်တဲ့ဖိနပ်များ
နွေရာသီမှာ ခြေဆီအထွက်များတာကြောင့် သင့်ခြေထောက်အတွက် အေးပြီး လေဝင်လေထွက်ကောင်းစေမယ့် ဖိနပ်မျိုးကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ဘော်ဒါတို့ရော နွေရာသီမှာ ဘယ်လိုရှိုးထုတ်လေ့ရှိကြပါသလဲ။
Source: Stylesofman.com