Summer Jacket ဖက်ရှင်တွေဟာ နွေမိုးဆောင်း ရာသီမရွေး ဝတ်နိုင်တဲ့စတိုင်ထဲမှာ ပါပါတယ်။ ဂျက်ကတ်တွေဟာ အနွေးထည်မဟုတ်လို့ ပေါ့ပေါ့ပါးပါး Outerwear အဖြစ် ဝတ်နိုင်တာပါပဲ။ ကျွန်တော်တို့ဆီမှာဆို Summer Jacket တွေကို နွေရာသီလို ပူတဲ့ကာလတွေမှာရော ဆောင်းလို အအေးပိုင်းဝင်ရောက်ချိန်မှာပါ ဝတ်ဆင်နိုင်ပါတယ်။

ဒီလို Outerwear တွေထဲကမှ ယောင်္ကျားလေးတွေနဲ့ လိုက်ဖက်ပြီး သက်တောင့်သက်သာနဲ့ စတိုင်ရှိရှိ ဝတ်ဆင်နိုင်မယ့် Summer Jacket ဖက်ရှင်တချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Denim Jacket

Denim Jacket

Photo: Ape To Gentleman

ယောင်္ကျားတွေ မျိုးဆက်နဲ့ချီ ဝတ်လာတဲ့ Menswear ဖက်ရှင်တစ်ခုက Denim Jacket ပဲ ဖြစ်ပါတယ်။ Denim Jacket တွေက ယောင်္ကျားဆန်ပြီး လွတ်လပ်တဲ့ခံစားမှု ပေးပါတယ်။ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပြီး ရာသီမရွေး နေရာမရွေး ဝတ်လို့ရနိုင်ပါတယ်။ Classic စတိုင်မျိုးဖြစ်လို့ ခေတ်လည်း မရိုးပါဘူး။ နွေဘက်မှာဆို Denim ဂျက်ကတ်ပါးပါးကို အရောင်လွင်တဲ့ မိုးပြာဖျော့ Lighter Shades မျိုး ရွေးချယ်သင့်ပါတယ်။

(၂) Overshirt

Overshirt

Photo: Ape To Gentleman

Overshirt ကောင်းကောင်းတစ်ထည် ရှိတာ ဟန်ကျပါတယ်။ Overshirt ဆိုတဲ့အတိုင်း တီရှပ်အပေါ်ကနေ ထပ်ပြီး လက်ရှည်အနေနဲ့ ဝတ်ရတာပါ။ Stylish ဖြစ်ပြီး Comfy ဖြစ်တဲ့ ဖက်ရှင်ပါ။ Overshirt ဝယ်မယ်ဆိုရင် အရောင်ဖျော့တော့ပြီး ဝါချည်လို အကြမ်းခံတဲ့ ချည်သားမျိုး ရွေးချယ်သင့်ပါတယ်။

(၃) Harrington

Harrington

Photo: Ape To Gentleman

Harrington Jacket တွေဟာ ဗြိတိန်ပေါ့ပ်ယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ Icon ကနေ လူငယ်ဆန်တဲ့ဖက်ရှင်အဖြစ် ကမ္ဘာအနှံ့ကို ပျံ့နှံ့လာတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အပြင် ဒီဇိုင်းကလည်း ဂျက်ကတ်တွေအကြားမှာ ကွဲပြားဆန်းသစ်မှုရှိပါတယ်။ Harrington ဂျက်ကတ်တွေကို Slim-Fitting Jeans ၊ T-Shirt အဖြူစတိုင်တွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။ လူငယ်ဆန်ဆန် High-Top Canvas Sneaker နဲ့ တွဲဝတ်သင့်ပါတယ်။

Featured Photo: hiconsumption