အပူချိန်သိပ်မြင့်လွန်းတဲ့ နွေရာသီမျိုးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖက်ရှင်မျိုးကို ဦးစားပေးဝတ်ဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့လည်း ညီ ၊ ဖက်ရှင်အမြင်လည်း ရှိချင်တော့ Summer Outfits စတိုင်တွေ အရင်ဆုံးရွေးချယ်ထားဖို့ လိုမှာပါ။ ဒါကြောင့် ယောင်္ကျားလေးဝတ် ‌Summer Outfit ထဲက Stylish & Comfortable ဖြစ်စေမယ့် အိုင်ဒီယာ ၄ ခုအကြောင်း ပြောပြပေးလိုက်ပါတယ်။

(၁) Short Sleeve Shirt ထပ်ဝတ်ခြင်း

layered-shirts

Photo: Esquire

ပထမဆုံးပြောချင်တဲ့ Summer Outfit အိုင်ဒီယာက Tee တစ်ခုခုပေါ်မှာ လက်တိုချည်သားရှပ်တစ်ထည် Layering လုပ် ဝတ်တာပါပဲ။ Layering လုပ်ခြင်းဟာ ယောင်္ကျားလေးတွေကို ကြည့်ကောင်းစေပါတယ်။ နွေရာသီမှာ Layering ဝတ်မယ်ဆိုရင် ပေါ့ပါးပြီး သက်သာချောင်ချိတဲ့ ချည်သား Short-Sleeve Shirt မျိုး ရွေးသင့်ပါတယ်။ ဥပမာ Hawaiian Shirt မျိုး ဖြစ်ပါတယ်။ သူကတော့ ကာလာစုံလို့ Eye-Catching ဖြစ်ပါတယ်။ တကယ်လို့ ရိုးရိုးရှင်းရှင်းနဲ့ပဲ နွေရာသီကို ဖြတ်သန်းချင်ရင်တော့ ပိုပြီး Neutral ကျတဲ့ အနက်ရောင် ဒါမှမဟုတ် အဖြူရောင်မျိုး ရွေးချယ်နိုင်ပါတယ်။

(၂) ချည် Sneaker စီးခြင်း

best-classic-sneakers-for-men

Photo: gearhungry

နွေရာသီမှာ Sneaker စီးမယ်ဆိုရင် ခြေထောက်အတွက် Airflow ပေးနိုင်မယ့် Weave Sneakers မျိုး စီးတာ အကောင်းဆုံးဖြစ်ပါတယ်။ လေဝင်ပေါက်တွေ ပါတဲ့ Weave Sneaker မျိုးမှပဲ နွေရာသီမှာ ခြေထောက်ကို အပူမလောင်ဘဲ ကြာကြာစီးနိုင်စေမှာပါ။ Open Weave ဒီဇိုင်း Sneakers တွေက ဈေးသက်သာတာလည်း များပါတယ်။ နွေရာသီမှာ ဘောင်းဘီတို Shorts နဲ့ တွဲဝတ်ဖို့ အကောင်းဆုံး Outfits တွေပါပဲ။

(၃) Denim Shirt လက်ရှည် ဝတ်ခြင်း

man with Denim shirt layering

Photo: valetmag

နေပူထဲသွားမှာမို့ ရှပ်လက်ရှည်လည်း ဝတ်ချင်တယ်။ စတိုင်လည်း ကျချင်တယ်ဆိုရင် Denim Shirt လက်ရှည်အပါးတစ်ထည်နဲ့တင် အဆင်ပြေပါတယ်။ တကယ်လို့ Layering အဖြစ် အပေါ်ထပ်လို ဝတ်ချင်ရင်လည်း အောက်မှာ Plain White Tee နဲ့ အပေါ်မှာ Denim Shirt အပါးလက်ရှည်ကို Jacket လိုမျိုး ဝတ်နိုင်ပါတယ်။ Jacket နဲ့ မတူတာက ပုံမှန် Jacket တွေထက် ပါးတယ် ၊ ပေါ့ပြီး သက်တောင့်သက်သာရှိလို့ နွေရာသီမှာ ဝတ်လို့ ကောင်းပါတယ်။

(၄) Shorts ဖက်ရှင်

Two men cheering in summer

Photo: WHO COM

နွေရာသီမှာတော့ ဘယ်သူမဆို အရေးတကြီးကိစ္စမှ မဟုတ်ရင် ဘောင်းဘီတိုလေးနဲ့ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး နေချင်ကြမှာပါပဲ။ Shorts စတိုင်တွေက Casual ဖြစ်ပေမယ့် ဝတ်တဲ့သူအဖို့မှာတော့ အတော်ကြီးကို နေသာထိုင်သာ ရှိပါတယ်။ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းလို့ ပူအိုက်တာ သက်သာပါတယ်။ လီနင်သား Shorts တွေက နွေရာသီနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

Shorts တွေ ဝတ်မယ်ဆိုရင် T-Shirt နဲ့ Slip-On Sneakers မျိုး ဝတ်လိုက်ရင် အတော်လေး မိုက်သွားမှာပါ။ တကယ်လို့ Loafers မျိုး သဘောကျတယ်ဆိုရင် Penny Loafers ကို Polo Shirt တစ်ထည်နဲ့ တွဲဝတ်နိုင်ပါတယ်။ လုံးဝအပေါ့စား Ultra-Comfortable ဖက်ရှင်မျိုး ဖြစ်ပြီး စတိုင်လည်း ပိုကျပါတယ်။

Featured Image Source: Modern Teen