ချွေးတဒီးဒီးကျရတဲ့ နွေရာသီက လနဲ့တွက်ရင်တော့ ကုန်ခါနီးနေပြီဆိုပေမယ့်လည်း အခုချိန်ထိတော့ ပူမြဲပူဆဲပါပဲ။ မိုးရွာမှာလည်းမကြောက်ရ၊ နှင်းတွေစိုမှာလည်း စိုးရိမ်စရာမလိုတဲ့ ဒီလိုနွေရာသီမှာ ဖက်ရှင်နဲ့ပတ်သက်လို့ တစ်ခုကံကောင်းတာကတော့ ဘယ်လိုဖိနပ်ဒီဇိုင်းမျိုးစုံကိုမဆို ဝတ်လို့ရတာပါပဲ။

ဒါဆိုရင် အမျိုးသားတွေအတွက် ဘယ်လိုဖိနပ်ဒီဇိုင်းတွေက အလွန်သင့်တော်ပြီးတော့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

အဖြူရောင်စနီကာဖိနပ်များ

မိုးလည်းသိပ်မရွာတဲ့ နွေရာသီဖြစ်တာကြောင့် ဖြူဖွေးသန့်တဲ့ စနီကာဖိနပ်လေးတွေ စီးဖို့အချိန်တန်ပါပြီနော်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပြီးတော့ ပေါ့ပေါ့ပါးပါးလည်း စီးလို့ရတာကြောင့် အမျိုးသားတိုင်းကြိုက်နှစ်သက်တဲ့ ဖိနပ်တစ်မျိုးပါပဲ။

Dress Boots

ရုံးတက်တဲ့ဖက်ရှင်မျိုးတွေနဲ့ အလွန်လိုက်ဖက်တဲ့ ဖိနပ်ဒီဇိုင်းဖြစ်ပြီးတော့ အမျိုးသားများကို ကျော့ရှင်းသပ်ရပ်စေမယ့် အသွင်ကိုပေးစွမ်းနိုင်မှာပါ။ ပွဲတစ်ခုခု တက်စရာရှိတဲ့အခါ ဒီဖိနပ်လေးတွေက အကိုက်ဆုံးပါပဲ။

Slip-On Shoes

ဒီဖိနပ်ဒီဇိုင်းလေးတွေကတော့ ပေါ့ပေါ့ပါးပါး နေ့စဉ်ဝတ်တဲ့အခါ၊ ပွဲတစ်ခုခုတက်စရာရှိတဲ့အခါ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေပါ အကြိုက်ဆုံးဒီဇိုင်းတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။

Skate Shoes

ဒီလိုဒီဇိုင်းလေးတွေကတော့ အခုခေတ်လူငယ်တွေကြားမှာ ပိုပြီးရေပန်းစားနေတာဖြစ်ပြီးတော့ ဘယ်လိုအဝတ်အစားဒီဇိုင်းမျိုးနဲ့မဆို လိုက်ဖက်ညီစွာ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

Sandals

ကွင်းထိုးဖိနပ်တွေကတော့ မြန်မာအမျိုးသားတွေနဲ့ ရင်းနှီးနေတဲ့ ဖိနပ်တွေဖြစ်ပြီးတော့ တစ်ခါတစ်လေမှာ ရှူးဖိနပ်၊ စနီကာဖိနပ်တွေက ဘယ်လောက်ပဲပေါ့ပါးတယ်ပြောပြော ကွင်းထိုးဖိနပ်တွေကိုတော့ မမှီနိုင်ပါဘူး။

Source: Pinterest