Skincare ကောင်းကောင်း မလုပ်ဖြစ်ရင် ပုံမှန် အသားလတ်တဲ့ လူတစ်ယောက်တောင် နွေရာသီမှာ နေလောင်ပြီး အသားအရေ ညိုညစ်ညစ်နဲ့ ကြည့်ရဆိုးသွားတတ်ပါတယ်။ နေပူ လေပူပူမှာ ဖုန် ၊ ချွေး နဲ့ အဆီပြန်ခြင်းတွေကြောင့် သက်တောင့်သက်သာ မဖြစ်ရုံတင်မကဘဲ အသားအရေပါ ပျက်စီးစေနိုင်ပါတယ်။ပူပြင်းတဲ့ နွေရာသီမှာ ကိုယ့်အသားအရေကို ထိန်းသိမ်းထားမယ်ဆိုရင် လူလည်း အရွယ်တင်နုပျိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာစေမှာပါ။

(၁) အပျော့စား မျက်နှာသစ်ဆေး

Photo: thetrendspotter

အမွှေးရနံ့ သိပ်မထည့်ထားဘဲ သဘာဝထုတ်ကုန်တွေ သုံးထားတဲ့ အပျော့စား မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တာဟာ အသားအရေပေါ်က အညစ်အကြေးတွေ သန့်ရှင်းပေးရာရောက်သလို အသားအရေ ပျက်စီးမှုကနေလည်း ကာကွယ်ပေးပါလိမ့်မယ်။

(၂) နေကာခရမ်

Photo: muscleandfitness

အပြင်ထွက်တာနဲ့ နေလောင်ကာခရမ် လိမ်းသွားဖို့ အကြံပြုချင်ပါတယ်။ နေလောင်ခြင်းဟာ ရုပ်ရင့်ပြီး အသားအရေကို အလွယ်တကူပျက်စီးစေနိုင်ပါတယ်။ SPF (Sun Protection Factor) လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာ ခရမ်ကတော့ နေပူထဲ အထွက်များသူတွေအတွက် အကောင်းဆုံးအကာအကွယ်ပါပဲ။

(၃) Face Pack

Photo: groomandstyle

ပုံမှန် မျက်နှာအရေပြား ထိန်းသိမ်းမှုအပြင် တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် လုပ်ပေးသင့်တာကတော့ မျက်နှာပေါ်က အညစ်အကြေးနဲ့ နေလောင်ထားတဲ့ ဒဏ်တွေကို ထိထိရောက်ရောက် ကုသပေးနိုင်မယ့် Facial Scrubing အလေ့အကျင့်ပါ။ သဘာဝအလှကုန်တွေ သုံးပြီး မျက်နှာချေးချွတ်ခြင်းဟာ အဆီပိုတွေနဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

(၄) Moisturisers အခြေခံထုတ်ထားတဲ့ Gel များ

Photo: Askmen

နွေရာသီမှာ ကျွန်တော်တို့ အသားအရေတွေဟာ ချွေးအထွက်များပြီး အဆီလည်း ပြန်လွယ်ပါတယ်။ အသားအရေ ခြောက်လေလေ သဘာဝအတိုင်း အဆီတွေ ပိုထွက်လေလေပါပဲ။ ဒီအတွက် အစိုထိန်းဂျယ်လ်တွေ လိမ်းပေးမယ်ဆိုရင် အသားအရေ စိုပြေချောမွေ့လာမှာ ဖြစ်ပါတယ်။