ပူပြင်းတဲ့ နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်လည်းကျ စတိုင်လည်း လန်းချင်ရင် လီနင် Shirt တစ်ထည်တော့ ကွီးတို့ ဆောင်ထားသင့်ပါတယ်။ လီနင် Shirts တွေက ဝတ်ရတာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသလို ချွေးခြောက်မြန် ၊ အပူဒဏ်ကိုလည်း ကောင်းကောင်း ကာကွယ်ပေးနိုင်တဲ့အတွက် အေးမြလန်းဆန်းတဲ့ စတိုင်ကို ပေါ်လွင်စေပါတယ်။ ဒီဆောင်းပါးမှာတော့ Summer ဖက်ရှင်အတွက် မရှိမဖြစ်တဲ့ လီနင် Shirt အမျိုးအစားတွေကို ပြောပြပေးပါမယ်။
(၁) Classic အဖြူရောင် လီနင် Shirt

Photo : Whitney Linen
ရုံးသွားကျောင်းတက် အခြေခံအကျဆုံး Summer ဖက်ရှင်အတွက်ဆို အဖြူရောင် လီနင် Shirts တွေကတော့ အကောင်းဆုံးပါပဲ။ ရာသီဥတု ပူပြင်းတဲ့ အချိန်တွေမှာပင် ကွီးတို့ကို အေးမြလန်းဆန်း နေစေမှာဖြစ်ပြီး သန့်ပြန့်တဲ့ Look ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး တစ်ထည်တည်း ဝတ်လို့ ရသလို Tee တွေနဲ့ တွဲဖက်ပြီး အပေါ်ထပ်အနေနဲ့လည်း ဝတ်လို့ အဆင်ပြေပါတယ်။
(၂) Pinstripe လီနင် Shirt

Photo : Flipkart
Oversized Pinstripe လီနင်တွေကတော့ ရုံးတက်ရက်တွေရော ၊ အားလပ်ရက် အပြင်ထွက်ချိန်တွေမှာ စတိုင်မိမိ ရှိုးထုတ်လို့ကောင်းတဲ့ Shirt အမျိုးအစား တစ်ခုပါ။ Tailored Trousers တွေနဲ့ စမတ်ကျကျ ဝတ်ဆင်လို့ရသလို ပေါ့ပေါ့ပါးပါး Light-Wash Denim တွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ Pinstripe လီနင် Shirt တွေကို ရွေးချယ်တဲ့အခါ နွေရာသီ Summer ဖက်ရှင်တစ်ခုအနေနဲ့ ပိုပြီး လိုက်ဖက်မှုရှိတဲ့ အရောင်ခပ်ဖျော့ဖျော့ ဘက်ကိုသွားတဲ့ ကာလာတွေကို ဦးစားပေးရွေးသင့်ပါတယ်။
(၃) လက်တို လီနင် Shirt

Photo : GoSupps.com
ကွီးတို့က ပုံမှန် T-Shirt နဲ့ ဘောင်းဘီတို ဖက်ရှင်ကို ဝတ်ရတာကြိုက်တဲ့သူ တစ်ယောက်ဆိုရင် လက်တို လီနင် Shirt တွေကို ပြောင်းလဲဝတ်ဆင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကမ်းခြေသွားတဲ့ အချိန်တွေ ဒါမှမဟုတ် ညနေခင်း အပြင်ထွက်တဲ့ အချိန်တွေမှာ Short Sleeve လီနင် Shirt တွေနဲ့ ဘောင်းဘီတို ဖက်ရှင်အတွဲအစပ်က တော်တော်လေး လိုက်ဖက်မှု ရှိစေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းမှာ ဖြစ်ပြီး တက်ကြွလန်းဆန်းတဲ့ Vibe ကို ရစေပါတယ်။
(၄) Casual လီနင် Shirt

Photo : Hawaii Luau Company
နွေရာသီဖက်ရှင်အတွက် ပွပွချောင်ချောင် ၊ ပေါ့ပေါ့ပါးပါးနဲ့ Stylish ဖြစ်တဲ့ Casual လီနင် Shirt တွေကိုလည်း မေ့မထားသင့်ပါဘူး။ Casual လီနင် Shirt လို့ ပြောလိုက်ရင် ဈေးအသင့်အတင့်နဲ့ ဝတ်လို့အဆင်ပြေတဲ့ နာမည်ရလူကြိုက်များပြီးသား Uniqlo Brand ထဲက ရွေးချယ်နိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ တွဲဝတ်ရင် လုံးဝမိုက်သလို Chinos တွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း စတိုင်မိမိုက်နေမှာ အသေအချာပါပဲ။
Source : GQ India
Featured Photo : Forbes
