မနေ့ညက အိပ်ရေးမဝခဲ့တာကြောင့်သော်လည်းကောင်း ရုံးကို လာတဲ့လမ်းမှာ ကားတိုးစီးရတာကြောင့်သော်လည်းကောင်း ရုံးရောက်တဲ့အခါ ခြေကုန်လက်ပန်းကျပြီး စွမ်းအားမပြည့်သလို ခံစားနေရတတ်ပါတယ်။ ရုံးမှာ ပျင်းရိပျင်းတွဲဖြစ်ပြီး အလုပ်မလုပ်ချင်ဖြစ်နေခြင်းသည်လည်း သင့်ရဲ့စွမ်းဆောင်ရည်နှင့် တိုးတက်မှုကို ကျဆင်းစေမှာဖြစ်သလို သင့်ရဲ့အလုပ်ရှင်အတွက်လည်း မကောင်းပါဘူး။

ဒါဆိုရင် လုပ်ငန်းခွင်ထဲမှာ တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေစေဖို့အတွက် ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

မနက်နိုးလာတဲ့အခါ လေ့ကျင့်ခန်းပြုလုပ်ပါ

man working exercise in the morning

မနက်နိုးလာတဲ့အခါ ၁၅ မိနစ်၊ မိနစ် ၂၀ စာခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် တစ်နေ့တာလုံးမှာ တက်ကြွရွှင်လန်းနေအောင် ကူညီပေးပါတယ်။ မနက်စာ စားဖို့လည်း မမေ့ပါနဲ့။ မနက်စာသည် သင့်တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးအစာတစ်ခုပါ။

မိနစ် ၂၀ ခန့် တရေးအိပ်လိုက်ပါ

rest area in the office

Photo Source: Pinterest.com

တချို့ရုံးတွေကတော့ နားနေခန်း သပ်သပ်ထားထားပေးပါတယ်။ တချို့အလုပ်ရှင်တွေကတော့ သူတို့ရဲ့ဝန်ထမ်းတွေ အလုပ်စားပွဲပေါ်မှာ မှောက်နေတာကို မကြိုက်ကြပါဘူး။ လေ့လာတွေ့ရှိချက်များအရ နေ့လည်ခင်းတွင် မိနစ် ၂၀ ခန့် တရေးအိပ်လိုက်ခြင်းက ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြင့်တင်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

အမြင်မကြည်မှုများကို ဖယ်ရှားလိုက်ပါ

angry man

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို အမြင်မကြည်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်း (သို့) မိသားစုဝင် တစ်ယောက်ယောက်ကြောင့် စိတ်ညစ်ရတဲ့အခါ အလုပ်ထဲမှာလည်း အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အမြင်မကြည်မှုများကို တတ်နိုင်သမျှ ဖြေဖျောက်ဖို့လိုအပ်ပါတယ်။ ဒါမှ အလုပ်အပေါ်မှာ သေချာအာရုံစိုက်နိုင်ပြီး စွမ်းဆောင်ရည်မြင့်လာမှာပဲဖြစ်ပါတယ်။

မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ပါ

office man exercise

Photo Source: Sportzbusiness.com

တစ်နာရီခန့် အလုပ်လုပ်ပြီးပါက ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အညောင်းအညာဖြေကာ လမ်းလျှောက်ပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ရုံးအပြင်ဘက်ခဏထွက်ပြီး လမ်းလျှောက်လိုက်ပါ။ ဒါဆိုရင်တော့ စိတ်လက်အပန်းပြေမှာဖြစ်ပြီး နားချိန်ပြည့်တဲ့အခါ အလုပ်ထဲမှာ အာရုံပြန်စိုက်နိုင်ပါလိမ့်မယ်။

မိမိရဲ့လုပ်ဖော်ကိုင်ဖက်များကို ကူညီပါ

colleagues laughing

စွမ်းအင်များသည် လူတစ်ဦးကနေ တစ်ဦးထံသို့ ကူးစက်တတ်ပါတယ်။  သင်သည် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို ခရီးသွားဟန်လွှဲ ကူညီလိုက်ခြင်းသည် သင့်အတွက် အကောင်းမြင်စိတ်များ ပေါ်လာမှာဖြစ်ပြီး သင် အကူအညီလိုချိန်မှလည်း ကူညီပေးမယ့်သူတွေ အဆင်သင့်ရှိနေမှာဖြစ်ပါတယ်။

မိမိရဲ့အလုပ်ကို အမှန်တကယ် ချစ်မြတ်နိုးပါ

man loving his job

သင့်ရဲ့အလုပ်ကို သင် မချစ်ဘူးဆိုရင်တော့ သင့်အလုပ်မှာ ဘယ်လိုမှ ပျော်ရွှင်မှာမဟုတ်ပါဘူး။ ခုနကဖော်ပြသွားတဲ့အချက်တွေကလည်း သင့်အတွက် ဘယ်လိုမှ အထောက်အကူဖြစ်မှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်အတွက်ရော သင့်ဘေးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်မပျော်စရာများ ဖန်တီးမယ့်အစား သင် တကယ်နှစ်သက်မြတ်နိုးတဲ့အလုပ်တစ်ခုကို ထပ်မံရှာဖွေလိုက်ပါ။ ဘဝကြီးက တိုတောင်းလှတဲ့အတွက်ကြောင့် နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ လိုအပ်ပါတယ်။

Source: Inc.com