ပိုက်ဆံတွေ ဘယ်လိုစုဆောင်းရမှန်းမသိ ဖြစ်နေပြီး ဝင်သမျှ ပိုက်ဆံတွေ ဘယ်လိုမှ စုမရဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။
ငွေဘယ်လောက်သုံးမလဲဆိုတာ ကြိုတင်သတ်မှတ်ထားပါ

Photo Source: Freepik.com
အိမ်ငှားခအတွက် ဘယ်လောက် ကုန်ကျမလဲ။ နေ့စဉ်စားစရိတ်၊ မီတာခ၊ သွားလာစရိတ် စတဲ့ဘာကြေးညာကြေးတွေကို သေချာတွက်ချက်ထားပါ။ အရေးကြီးဆုံးအရာကို အရင်ဦးစားပေးပါ။ ကိုယ့်ရဲ့ဝင်ငွေနဲ့ သေချာချိန်ပြီး တစ်လစာအသုံးစရိတ်ကို သေချာစီစစ်ပေးရပါမယ်။
မိမိအိမ်မှာ ကိုယ့်ဘာသာ ချက်စားပါ

အပြင်စာ ဝယ်စားခြင်းက သင့်ရဲ့ကျန်းမာရေးနဲ့လည်း မညီညွှတ်သလို သင့်ရဲ့အသုံးစရိတ်ကိုလည်း ပိုများစေပါတယ်။ နေမကောင်းတဲ့အချိန်မျိုး၊ အလုပ်တွေအရမ်းများနေတဲ့အချိန်မျိုး မလွှဲသာမရှောင်သာမှသာ အပြင်စာ ဝယ်စားပါ။ တတ်နိုင်သမျှတော့ ကိုယ့်ဘာသာပဲ အိမ်မှာ ချက်စားသင့်ပါတယ်။
အရေးပေါ် အသုံးစရိတ်ကို သပ်သပ် စုထားပါ

နာမကျန်းဖြစ်တဲ့အချိန်မျိုးမှာ မိမိလက်ထဲတွင် အရေးပေါ် အသုံးစရိတ် မရှိပါက ဟိုလူ့ဆီက ချေးငှားရ ဒီလူ့ဆီက ချေးငှားရနဲ့ ဒုက္ခရောက်တတ်ပြီး အကြွေးပင်လယ် ဝေတတ်ပါတယ်။ ဒါ့ကြောင့် မိမိ ဝင်ငွေရဲ့လေးပုံတစ်ပုံခန့်ကို အရေးပေါ်သုံးငွေအဖြစ် သပ်သပ်ဖယ်ထားပြီး စုထားရပါမယ်။
မိမိရဲ့တစ်နေ့တာအသုံးစရိတ်ကို စာရင်းပြုစုထားပါ

ဒီနေ့အတွက် ဘယ်လောက်ကုန်သွားသလဲဆိုတာကို စာရင်းဇယားပြုထားလိုက်ပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပြီး တစ်လပြည့်သွားပြီဆိုရင်တော့ မလိုအပ်ဘဲ အပိုသုံးစရိတ်များ ထွက်လာကာ ကိုယ့်ရဲ့ဝင်ငွေကိုလည်း သေချာစီစစ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
အကြွေးဝယ်ကတ် အသုံးပြုခြင်းကို ရပ်တန့်လိုက်ပါ

Credit Card အသုံးပြုခြင်းသည် သင့်ရဲ့ငွေစုဆောင်းခြင်းခရီးစဉ်ကို နှေးကွေးကြန့်ကြာစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် အကြွေးဝယ်ကတ် အသုံးပြုခြင်းကို ရပ်တန့်လိုက်ပါ။
စုဘူးဖြင့် ငွေစုပါ

ငယ်ငယ်လေးတုန်းကတော့ ဝက်ရုပ်စုဘူးလေးထဲ ငွေစုဖူးကြပါလိမ့်မယ်။ အသက်တဖြည်းဖြည်းရလာတဲ့အခါ ဝက်ရုပ်စုဘူးထဲ ထည့်မယ့်အစား Saving Account လေးဖွင့်လိုက်ပြီး အထာကျကျငွေစုမယ်ဆိုရင် တဖြည်းဖြည်း ပွားများလာပါလိမ့်မယ်။
Source: Budgetdirect.com.au
