ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို ဓာတ်ပုံဆရာတိုင်း ရိုက်နိုင်လေ့မရှိကြပါဘူး။ ဓာတ်ပုံကောင်း တစ်ပုံရဖို့ဆိုတာ ထင်သလောက် မလွယ်ကူလှပါဘူး။ နေရာကောင်းရွေးတက်ဖို့လိုသလို အလင်းအမှောင် ချိန်တက်ဖို့လည်း လိုအပ်ပါတယ်။ အလင်းကို ဘယ်ဖက်ကနေဝင်ခိုင်းပြီး ကိုယ်ရိုက်ချင်တဲ့ အရာကိုဘယ်နေရာမှာ ထားမလဲဆိုတာက တော်ရုံကျွမ်းကျင်မှုနဲ့မသိနိုင်ပါဘူး။ အကုန်လုံးပြည့်စုံသွားပြီ ထားလိုက်အုန်းတော့ ရာသီဥတုက ကိုယ်ဘက်ပါအုန်းမှလည်း ဓာတ်ပုံကောင်းရနိုင်မှာပါ။ ဒါကြောင့် ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ မလွယ်ကူဘူးလို့ ပြောရတာပါ။

တစ်ခါတစ်လေ ထင်မှတ်မထားဘဲ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကို အမိအရရိုက်ကူးထားနိုင်တဲ့ ဓာတ်ပုံတွေက တမင်တကာ စောင့်ပြီးရိုက်ကူးယူထားတဲ့ ဓာတ်ပုံထက်ပိုပြီး လူကြိုက်များလေ့ရှိတက်ပါတယ်။ ဒီနေ့ kwee page က လျှပ်တစ်ပြတ် တစ်စက္ကန့်အတွင်းဖြစ်ပျက်သွားတဲ့ အရာတွေကိုရိုက်ကူးထားနိုင်ခဲ့တဲ့ ဓာတ်ပုံတွေကို စုစည်းတင်ပြပေးသွားမှာပါ။

 

Source: Bright Side