George Carlin ဆိုတာ အမေရိကန်နိုင်ငံသား နာမည်ကြီး ဟာသလူရွှင်တော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာလူတွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်ရတာ သဘောကျနှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်ကလည်း ရယ်မောခြင်းကို နှစ်သက်တဲ့သူပါ။ ဒီနေ့တော့ သူပြောထားခဲ့တဲ့ မှတ်သားဖွယ်ရာ စကားတွေကိုဖော်ပြပေးသွားမှာပါ။

  • ကလေးတွေကို တကယ်အကူအညီပေးချင်တယ်ဆိုရင် သူတို့လဲကျသွားတဲ့အခါ သူတို့ကိုယ်သူတို့ ထနိုင်အောင်ကြိုးစားခိုင်းပါ။
  • တစ်နေ့မှာ လူတွေက အချိန်ခရီးသွားနိုင်တဲ့ စက်တီထွင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါကိုအသုံးပြုဖို့အတွက် လူတွေမှာ အချိန်ရှိမှာမဟုတ်ဘူး။

Source: YouTube

  • နေ့ရက်တိုင်းကို သင့်ရဲ့နောက်ဆုံးနေ့ရက်တွေလို အသက်ရှင်ပါ။ ဒါဆိုရင် ပျော်ရွှင်မှုကို သင်ခံစားရပါလိမ့်မယ်။
  • ဒီကမ္ဘာမြေကြီးက ဘာမှချွတ်ယွင်းမနေပါဘူး။ လူတွေကသာ ရူးသွပ်နေကြတာပါ။
  • နျူကလီးယား ဓာတ်ပေါင်းဖိုပေါက်ကွဲမှာ ကြောက်နေကြတဲ့သူတစ်ချို့ဟာ ကားစီးတဲ့အခါမှာ ထိုင်ခုံခါးပတ် ပတ်ထားဖို့တောင် မေ့နေတတ်ကြတယ်။

Source: Saturday Night Live

  • တစ်ခုခုပြောင်းလဲမှု မလုပ်နိုင်သေးဘူးဆိုရင် ဘဝဆိုတဲ့ အရာကြီးကို သင်အဓိပ္ပာယ် မဖွင့်နိုင်သေးပါဘူး။
  • ဘဏ်တွေထဲက ဘောပင်တွေကို ဘာလို့ကြိုးချည်ထားရတာလဲ။ ငါတို့က ငါတို့ရဲ့ပိုက်ဆံတွေကို သူတို့ဆီမှာ အပ်နှံထားရလောက်အောင် ယုံကြည်ရင် သူတို့ဘက်က အနည်းဆုံးတော့ ဒီဘောပင်တွေကို ငါတို့မယူဘူးဆိုတာ ယုံကြည်ပေးသင့်တယ်မဟုတ်လား။
  • ပစ္စုပ္ပန်ဆိုတာမရှိပါဘူး။ ခဏအတွင်းဖြစ်ပျက်လာတော့မယ့် အနာဂတ်နဲ့မကြာသေးခင်က ပြီးသွားတဲ့ အတိတ်ဆိုတာပဲ ရှိတာပါ။
  • မင်းရဲ့ကလေးတွေကို စာဖက်တတ်ဖို့ပဲ မသင်ပါနဲ့။ သူတို့ဖက်ထားတဲ့အရာတွေအပေါ် မေးခွန်းထုတ်တတ်အောင်သင်ပေးပါ။ အရာအားလုံးကို မေးခွန်းထုတ်တတ်အောင် သင်ပေးပါ။

Source: Amazon.com

  • မင်းသူတို့ကိုမရိုက်နိုင်ဘူးမလာ။ ဒါဆိုရင် သူတို့အရိုက်ခံရအောင်တော့ မင်းစီစဉ်နိုင်ရမယ်။
  • ဘာသာရေးဆိုတာ ရူးဖိနပ်တစ်စုံလိုပါပဲ။ မင်းနဲ့သင့်တော်တဲ့ ဘာသာရေးကိုရွေးချယ်ပါ။ ဒါပေမယ့် မင်းရဲ့ရူးဖိနပ်ကိုတော့ ငါ့ကိုမစီးခိုင်းပါနဲ့။
  • လူတစ်ယောက်က အမြဲတမ်းပြုံးနေတယ်ဆိုရင်တော့ သူဟာအလုပ်မဖြစ်တဲ့အရာတခုခုကို ရောင်းနေပါပြီ။