လီဗာပူးလ်အသင်းဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ထိပ်ဆုံးလေးနေရာအပြင်ဘက်မှာ ရာသီပြီးဆုံးပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်မယ်လို့ ပရီးမီးယားလိဂ်စူပါကွန်ပျူတာက ဟောကိန်းထုတ်ခဲ့ပါတယ်။

Photo: Sportbible

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်ဟာ အိမ်ကွင်းရှုံးပွဲ ၃ ပွဲ အပါအဝင် လိဂ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၆ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ယာဂန် ကလော့ပ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၉ မှတ် ကွာဟနေပြီဖြစ်တာကြောင့် ချန်ပီယံဘွဲ့ ကာကွယ်မှုဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

စူပါကွန်ပျူတာက ယခုရာသီမှာ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိမှာမဟုတ်ဘဲ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်လိမ့်မယ်လို့ တွက်ချက်ခဲ့တာဖြစ်ပါတယ်။ စူပါကွန်ပျူတာက ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းက ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ လက်စတာ၊ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်လို့ သိရပါတယ်။

Photo : SPORTbible

လက်ရှိ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ၎င်းရဲ့ လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းရဲ့အထက် အဆင့် ၆ နေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ သိရပြီး အဲဗာတန်၊ အက်စ်တွန်ဗီလာနဲ့ အာဆင်နယ်တို့ဟာ ၈၊ ၉၊ ၁၀ နေရာလောက်မှာ ရာသီပြီးဆုံးလိမ့်မယ်လို့ တွက်ချက်မှုက ဖော်ပြခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းက အထင်ကြီးဖွယ် ပုံစံကောင်းတွေ ဆက်တိုက်ပြသနေပေမယ့်လည်း ချန်ပီယံရှစ်ကို ရာသီကုန်မှာ တန်းဆင်းရမယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ ရှက်ဖီးတို့လည်း အတူလိုက်ပါသွားကြမယ်လို့ ခန့်မှန်းခဲ့ပါတယ်။