အာဟာရဓါတ်ပြည့်ဝပြီး ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကို Superfood တွေလို့ ပြောလေ့ရှိပါတယ်။ Superfoods တွေထဲမှာ ဆေးဖက်ဝင် အမြစ်အနွယ် အစေ့အဆံတွေ ပါရှိပါတယ်။ ဒီလို အစားအသောက်တွေဟာ နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် လူကိုလည်း တက်ကြွရွှင်လန်းအောင် ကူညီပေးနိုင်ပါတယ်။ Superfoods တွေထဲကမှ ကိုယ့်ရဲ့ Diet ထဲမှာ ထည့်စားသင့်တဲ့ အစားအသောက် ၄ မျိုးကို ညွှန်းလိုက်ပါတယ်။

(၁) ထောပတ်သီး

Acocado

Photo; mensxp

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ ၊ ပိုတက်ဆီယမ်လိုမျိုး အရေးပါတဲ့ အာဟာရဓါတ်တွေ ၊ ဗိုက်တာမင်အေ နဲ့ အီးလို ဗိုက်တာမင်ဓါတ်တွေ ကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးမှာပါတဲ့ အိုမီဂါဖက်တီးသရီးအက်ဆစ်ဟာ နှလုံးကျန်းမာရေး အားပေးပြီး အရိုးအဆစ်ရောင်တာ ၊ ဆီးချိုသွေးချိုဖြစ်တာလိုမျိုး ကျန်းမာရေးပြသနာတွေကို အဖြစ်နည်းစေတဲ့အပြင် မောပန်းမှုကိုလည်း သက်သာစေပါတယ်။

(၂) နနွင်း

Turmeric

Photo; mensxp

ဆနွင်းလို့လည်း ခေါ်တဲ့ နနွင်းတက်ကို ဟင်းချက်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများပါတယ်။ နနွင်းဟာ ကျန်းမာရေး အကျိုးများတဲ့ အစားအသောက်ဖြစ်ပါတယ်။ နနွင်းဟာ ကိုယ်ခံအားကောင်းစေခြင်း ၊ ဦးနှောက်လုပ်ဆောင်ချက် တိုးတက်စေခြင်း ၊ သွေးတွင်းသကြားဓါတ် ထိန်းညှိပေးနိုင်ခြင်း ၊ ရောင်ရမ်းမှုမဖြစ်အာင် ကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ နလန်ထမှုဖြစ်စဉ်ကိုလည်း မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) နှမ်းကြတ်စေ့

Flax Seeds

Photo; mensxp

နှမ်းကြတ်စေ့မှာ Micronutrients လို့ ခေါ်တဲ့ အာဟာရဓါတ်စုံ ပါရှိပါတယ်. နှမ်းကြတ်စေ့မှာ ဗိုက်တာမင် ဘီဝမ်း နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ ပရိုတိန်း ၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ ကျန်းမာရေးနဲ့ ညီတဲ့ အဆီတွေ ဟန်ချက်ညီညီ ပါရှိတဲ့ အစေ့အဆံလည်း ဖြစ်ပါတယ်။

(၄) ဘယ်ရီသီး

Berries

Photo; mensxp

ဘယ်ရီတွေကို ဓါတ်တိုးဆန့်ကျင် ကြွယ်ဝတဲ့ Superfoods တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဘယ်ရီမျိုးနွယ်တွေထဲမှာ Blueberries ၊ Acai Berries နဲ့ Goji Berries တို့က လူသိအများဆုံး ဖြစ်ပါတယ်။ ဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်တလျှောက် အောက်ဆီဂျင်စီးဆင်းမှု ပိုကောင်းစေတဲ့အပြင် လူရဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်စွမ်းလည်း ရှိပါတယ်။