မြန်မာနိုင်ငံသားတွေမှာ အနက်ရောင်ရှိတဲ့ကြောင်တစ်ကောင် ကကိုယ့်ရဲ့ရှေ့မှာ ဖြတ်လျှောက်သွားရင် ကံမကောင်းတတ်ဘူးဆိုတဲ့ အယူရှိကြတယ်။ ဒါပေမယ့် အင်္ဂလိပ်တွေကြတော့ ပြောင်းပြန်အယူရှိကြတယ်။ ဒီလိုပဲ ကမ္ဘာပေါ်က အခြားလူမျိုးစုတွေမှာ သူတို့လူမျိုးတွေရဲ့ ကိုယ်ပိုင်အယူအဆတွေ ရှိကြတယ်။

ဒီနေ့ kwee ကပြောပြပေးမှာကတော့ ကမ္ဘာတစ်လွှာက စိတ်ဝင်စားစရာ အယူအဆတွေ အကြောင်းပါ။

ရုရှား

ငှက်ချေး ပါချခံရတာဟာ သူတို့တွေအတွက် ပိုက်ဆံဝင်တယ်လို့ အယူရှိကြတယ်။

ပြင်သစ်

ဘယ်ခြေထောက်ဖြင့် ခွေးချေးကို နင်းမိရင် ပျော်ရွှင်ခြင်းတွေနဲ့ ကြုံရတတ်တယ်လို့ ယူဆကြပြီး၊ ညာခြေဖြင့် နင်းမိရင်တော့ ကံဆိုးတတ်တယ်လို့ အယူရှိကြတယ်။

Dagestan

ဟင်းရည်ခွက်ထဲ ယင်ကောင်ပြုတ်ကျရင် လက်ဆောင်ရတတ်တယ်လို အယူရှိကြတယ်။

ဂရိစ်

နှာချေပြီဆိုရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်း ပြောနေပြီလို့ အယူရှိကြတယ်။

ဒိန်းမက်ခ်

ပန်းကန်တွေ ခွဲပစ်ခြင်းက ကံကောင်းစေတယ်လို့ ယူဆကြပြီး ခရစ်စ်မက် လက်ဆောင်အနေနဲ့ ပေးလေ့ရှိကြတယ်။

တရုတ်

ခေါက်ဆွဲဖက် အရှည်ကြီးက အသက်ရှည်ခြင်းနှင့်ကြီးပွားချမ်းသားခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။ ဒါကြောင့် ကိုယ်စားမယ့် ပန်းကန်ထဲမှာ ခေါက်ဆွဲဖက် အရှည်ကြီးပါလာရင် ကိုက်ဖြတ်စားသောက်ခြင်း မရှိကြဘူး။

ဂရိစ်

ဆူးများတဲ့ ရှားစောင်းပင် ဟာမကောင်းတဲ့ အရာတွေကနေ ကာကွယ်ပေးတယ်လို့ အယူရှိကြတယ်။

ဂျာမနီ

မိမိသွားမယ့်လမ်းကြောင်းရဲ့ ဘယ်ဖက်ကနေညာဖက်ကို ကြောင်တစ်ကောင်ဖြတ်သွားရင် ကံဆိုးတတ်တယ်လို ယူဆကြပြီး ညာဖက်ကနေဘယ်ဖက်ကို ဖြတ်သွားရင်တော့ ပျော်ရွှင်မူတွေ ကြုံရတတ်တယ်လို့ ယူဆကြတယ်။

ဂျပန်

ညဖက် မှောင်နေတဲ့အချိန်မှာ မှန်မကြည့်သင့်ဘူး။ မကောင်းဆိုးဝါးတွေ မြင်ရတတ်တယ်ဆိုတဲ့ အယူရှိကြတယ်။

Malta

ချက်ကျောင်းက နာရီတွေအကုန်လုံးဟာ မကောင်းဆိုးဝါးတွေကို လှည့်စားဖို့အတွက် မတူညီတဲ့ အချိန်တွေကို ပြထားလေ့ရှိကြတယ်။

ကာတာ

ပင့်ကူတွေဟာ မီးလောင်ခြင်းမှ ကာကွယ်ပေးတယ်လို့ ယူဆထားတာကြောင့် ပင့်ကူတွေသတ်ဖြတ်ခြင်းကို တားမြစ်ထားကြတယ်။

အီတလီ

ချီးကျုးစကားပြောခြင်းက ဘေးဒုက္ခတွေ ရောက်လာစေတယ်လို့ အယူရှိကြတယ်။

စကော့တလန်

ပျော်ရွှင်တဲ့ မိသားစုတခုပိုင်ဆိုင်ရဖို့အတွက် သတို့သမီးတွေက ရွှံ့လူးရတယ်လို့ ယူဆကြတယ်။

Source: Bright Side