အမဲရောင်ချောကလက်မှာ အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ခါးသက်သက်အရသာရှိတဲ့ အမဲရောင်ချောကလက်တွေက သာမာန် စားနေကြချောကလက်တွေထက် ခန္ဓာကိုယ်ကျန်းမာရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေလဲ ဘာကြောင့်အမဲရောင်ချောကလက်စားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
Source : Pregnancy Magazine
နှလုံးကျန်းမာရေးကောင်းစေတယ် – အမဲရောင်ချောကလက်မှာပါဝင်တဲ့ ကိုကိုး flavonoids က နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ ကိုကိုး flavonoids ဟာ မကောင်းတဲ့ ကိုလက်စထရောပမဏကိုလျော့ကျစေပြီး HDL လို့ခေါ်တဲ့ ကောင်းမွန်တဲ့ ကိုလက်စထရေပမဏကိုထိန်းသိမ်းပေးတာကြောင့် နှလုံးကိုကျန်းမာစေကာ နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့နည်းစေမှာဖြစ်ပါတယ်။
ကင်ဆာရောဂါကာကွယ်ပေးတယ် – အမဲရောင်ချောကလက်မှာ antioxidant ဂုဏ်သတ္တိများကြွယ်ဝစွာပါဝင်ပြီး ၎င်းက ဆဲလ်များပျက်စီးမှုကိုလျော့နည်းစေတာကြောင့် ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန် အမဲရောင်ချောကလက်အနည်းငယ်စားပေးခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဦးနှောက်စွမ်းရည်တိုးတက်စေတယ် – အမဲရောင်ချောကလက်ဟာ မှတ်ဉာဏ်စွမ်းရည်ကိုကောင်း မွန်စေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အမဲရောက်ချောကလက်စားပေးခြင်းက ဦးနှောက်အတွင်းသွေးစီးဆင်းမှုကိုမြင့်တက်စေပြီး အာရုံစူးစိုက်မှုပိုမိုတိုးပွားစေကာ မေ့လျော့ခြင်း ဦးနှောက်စွမ်းရည်ကျဆင်းခြင်းပြဿနာတွေကို ကာကွယ်ပေးပါတယ်။
Source : NPR
သွေးပေါင်ချိန်လျှော့ချပေးတယ် – အမဲရောင်ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်ကသွေးပေါင် ချိန်ကိုလျှော့ချပေးနိုင်ပါတယ်။ ချောကလက်အမည်းရောင်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိ နိုက်ထရစ်အောက်ဆိုဒ်ဓာတ်ပမာဏကို မြင့်တက်စေပြီး သွေးပေါင်ချိန်ကိုလျှော့ချပေးနိုင်စွမ်းရှိတာကြောင့် သွေးတိုရောဂါသည်တွေ စားသုံးပေးသင့်ပါတယ်။
ကိုယ်အလေးချိန်ကျစေတယ် – အမဲရောင်ချောကလက်က ဆာလောင်မွတ်သိပ်မှုဒဏ်ကိုလျော့နည်းစေပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုလည်းမြင့်တင်ပေးတာကြောင့် အဆီလောင်ကျွမ်းရာမှာ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန်လျော့ချချင်သူတွေ ဝိတ်ကျချင်သူတွေအနေနဲ့ အမဲရောင်ချောကလက်စားပေးသင့်ပါတယ်။