တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ အချိန်စက်ကွင်းက အလုပ်လုပ် ၊ ထမင်းစား အိပ်ရာဝင် ဒါနဲ့ပဲ လည်ပတ်နေတာဆိုရင် သင့် Lifestyle မှားနေပြီလို့ ပြောချင်ပါတယ်။ Lifestyle အမှားတွေနောက်မှာ လိုက်လာမယ့်ပြဿနာတွေက အများကြီး။ ကျန်းမာရေး ချူချာမယ် ၊ စိတ်ဒုက္ခတွေ ပိုခံစားရနိုင်တယ်။ လူမှုဆက်ဆံရေးထိခိုက်ပြီး တစ်ကိုယ်ရည်ဖွံ့ဖြိုးမှု အားနည်းမယ်။

မှန်ကန်တဲ့ Lifestyle ထဲမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်တာအပြင် မိသားစု ၊ ဝါသနာနဲ့ တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုအတွက် အချိန်အသုံးချတာတွေလည်း ပါပါတယ်။ အားကစားလုပ်တယ်ဆိုတာ မှန်ကန်တဲ့ Lifestyle လမ်းကြောင်းတစ်ခုနဲ့ နေထိုင်တာလို့ ဆိုနိုင်ပါတယ်။ အားကစားပုံမှန်လုပ်ခြင်းအားဖြင့် အခုပြောမယ့် အကျိုးကျေးဇူးတွေကို ခံစားရလို့ ဖြစ်ပါတယ်။

(၁) ပိုပြီး နေလို့ကောင်းစေတယ်

YOU’LL FEEL BETTER

Photo: Fashion Beans

အားကစားလုပ်တာ လူကို ကိုယ်ရောစိတ်ပါ ရွှင်လန်းစေနိုင်ပါတယ်။ အားကစားလုပ်သူတွေဟာ ကိုယ်ထဲက ဆီရိုတိုနင်နဲ့ ဒိုဖာမိန်းထုတ်မှုမှာ သာမန်လူတွေထက် သာလို့ စိတ်ရောရုပ်ပါ ကြည်လင်မှု ပိုမြင့်ပါတယ်။

(၂) အိပ်ရင်း ဟောက်တာ သက်သာစေတယ်

YOU’LL MAKE LESS NOISE

Photo: Fashion Beans

Sleep Apnea ဖြစ်တာကို လေ့လာတဲ့ အရှေ့ဖင်လန်တက္ကသိုလ်ရဲ့ သုတေသနတစ်ခုမှာ ကိုယ်အလေးချိန် ၅% ကျခြင်းအားဖြင့် အိပ်နေစဉ် ဟောက်တာကို အဖြစ်နည်းစေတယ်လို့ ဆိုပါတယ်။ အားကစားလုပ်ခြင်းဟာ အိပ်စက်မှုအရည်အသွေးပိုကောင်းစေပြီး အဆီနဲ့ ကိုယ်အလေးချိန်လည်း ကျဆင်းစေနိုင်ပါတယ်။

(၃) ရောဂါဆိုးကြီးတွေ အဖြစ်နည်းစေတယ်

YOU’RE SAFEGUARDING YOUR FUTURE

Photo: Fashion Beans

နှလုံးရောဂါ ၊ ဆီးချိုသွေးချိုနဲ့ အယ်လ်ဇိုင်းမားသမားလို ရောဂါကြီးတွေ မဖြစ်ချင်ရင် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးဖို့ ပြောချင်ပါတယ်။ အားကစားလုပ်တာဟာ ကိုလက်စထရောနဲ့ သွေးဖိအားမြင့်လို့ ဖြစ်တဲ့ နှလုံးဝေဒနာတွေ အဖြစ်နည်းစေသလို ဦးနှောက်ရဲ့ နူရွှန်သစ် ဖွဲ့စည်းမှုလည်း အားပေးလို့ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်လို ရောဂါကြီးတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေနိုင်မှာပါ။

(၄) နုပျိုစေတယ်

IT KEEPS YOU FEELING YOUNG

Photo: Fashion Beans

အသက်ကြီးလာချိန်မှာ ကြွက်သားတွေ ပျော့တွဲပြီး အရေပြားတွေ အရေးအကြောင်းထင်တာ ဇရာလက္ခဏာပြတာ ပိုထင်ရှားလာပါတယ်။ Myostatin လို့ခေါ်တဲ့ ကြွက်သားထဲက ဓါတုပစ္စည်းတစ်မျိုးက ကြွက်သားထဲက ဆဲလ်ဖွံ့ဖြိုးမှုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ယူသုံးနေလို့ ကြွက်သားတွေ အားနည်းချိန်မှာ ဆဲလ်ဖွံ့ဖြိုးမှုတွေ နည်းကုန် နှေးကုန်ပြီး Myostatin က ကိုယ်ထဲမှာ ပိုများလာတတ်ပါတယ်။ ဝိတ်မ,လေ့ကျင့်ခန်းလုပ်တဲ့လူတွေမှာ Myostatin ပါဝင်မှု လျှော့ချနိုင်ပြီး ကြွက်သားထုပိုတက်လာလို့ ကြွက်သားဆုံးရှုံးမှုဖြစ်စဉ် နှေးကွေးစေနိုင်ပါတယ်။

ကြွက်သားတွေနဲ့ တင်းရင်းနေသူဟာ ဆဲလ်သစ်ဖွံ့ဖြိုးမှု အားကောင်းလို့ အရွယ်တင်ပြီး နုပျိုပါတယ်။ ဒါကြောင့် အားကစားလုပ်ဖို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

Featured Photo: Health Journal