Sangria ဆိုတာ ဥရောပမှာ တွေ့ရတဲ့ သစ်သီဝိုင်တစ်မျိုးပါ။ အထူးသဖြင့် စပိန်နဲ့ ပေါ်တူဂီတို့မှာ ဒီဝိုင်ကို စားသောက်ပွဲတွေမှာ နှုတ်မြိန်စေ အစာကြေစေဖို့ ဒေသိယအစားအသောက်တစ်ခုအဖြစ် တည်ခင်းလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆန်ဂရီယာနဲ့ Kwee ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။

ဆန်ဂရီယာဟာ စပိန်ရဲ့ နာမည်ကျော် အမှတ်သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘာစီလိုနာက စားသောက်ဆိုင်တိုင်းမှာ ဝိုင်င်နီနည်းနည်း ၊ ဘရန်ဒီ နည်းနည်း ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဖျော်စပ်ထားတဲ့ ဆန်ဂရီယာတွေ ရှိပြီး ကိုယ့်လက်ရာနဲ့ကိုယ် အရသာနဲ့ ဖျော်စပ်မှု ကွာပါတယ်။

Photo: The Spruce Eats

Sangria ဆိုတဲ့ နာမည်ဟာ ပေါ်တူဂီစကား Sangre က လာပြီး သွေးလို့ အဓိပ္ပါယ်ရပါတယ်။ ဆန်ဂရီယာခွက်ကလေးတွေကို ကြည့်ရင် ရဲရဲနီပြီး နည်းနည်းလောက် မြည်းစမ်းကြည့်ရင် ချိုမြမြမွှေးတဲ့ အရသာကို ရမှာပါ။ နွေဦးနေ့ရက်တွေမှာ နေဆာလှုံရင်း အရသာခံမြည်းလို့ အကောင်းဆုံး ဝိုင်ထဲမှာ ပါပါတယ်။

ရှေးတုန်းကတော့ ဆန်ဂရီယာဝိုင်တွေဟာ စပိန် ဝိုင်နီ Roja Wine ကနေ ထုတ်လုပ်ပြီး နောက်ပိုင်းမှာ Pinot Noir ၊Beaujolais Sangiovese ဝိုင်တွေနဲ့လည်း ဖျော်စပ်လာကြပါတယ်။ ၁၇၀၀ ပြည့်လွန်နှစ်တွေကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဒီဝိုင် ကမ္ဘာ့ဈေးကွက်ထဲ ရောက်လာပုံက ၁၉၆၄ ခုနှစ် နယူးယော့ခ်မှာ လုပ်တဲ့ ကမ္ဘာ့ကုန်စည်ပြပွဲကနေ အမေရိကန်မှာ မိတ်ဆက်တာကနေ စတင်လာတာပါ။

ဆန်ဂရီယာရဲ့ နောက်ထပ် ဗားရှင်းတစ်မျိုးက Mangria ဖြစ်ပြီး နာမည်ကြီး အမေရိကန် ဟာသပညာရှင် အဒမ်ကာရိုလာက ဖန်တီးခဲ့တာပါ။မန်ဂရီယာမှာ ဝိုင် ၃ ဆ ၊ ဗော့ကာ ၁ ဆနဲ့ လိမ္မော်ရည် တစ်ဆ ပါဝင်ပါတယ်။ နောက်ထပ် မှတ်သားစရာ တစ်ချက်ကတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ဟာ အမေရိကန်ရဲ့ National Sangria Day ဆိုတဲ့ အချက်ပါပဲ။