လေ့လာတွေ့ရှိချက်များအရ လူတစ်ယောက်သည် တစ်ညလျှင် ၇ နာရီနှင့်အထက် အိပ်သင့်တယ်လို့ ပြောကြားထားပါတယ်။ လုံလောက်တဲ့အိပ်စက်ချိန်ကို မရရှိတဲ့အခါ မှတ်ဉာဏ်အားကျဆင်းပြီး အခြားသောရောဂါဘယများကိုလည်း ခံစားရရှိနိုင်ပါတယ်။

စိတ်ဖိစီးမှုများလည်း အလွန်များလာကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ခံစားရပါလိမ့်မယ်။ ညတိုင်း အိပ်မရလို့လည်း စိတ်မညစ်ပါနဲ့။ အိပ်ပျော်ဖို့အတွက် ကူညီပေးမယ့် အစားအစာများကို အိပ်ခါနီးတွင် စားသုံးပေးနိုင်ပါတယ်။

အယ်လ်မွန်စေ့

almonds for men with insomnia

အယ်လ်မွန်စေ့ထဲတွင်ပါဝင်တဲ့ သတ္တုဓာတ်များ၊ မဂ္ဂနီစီယမ်ဓာတ်များသည် လူတစ်ယောက်ကို မြန်မြန်ဆန်ဆန်အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

ပန်းသီး

apple for men with insomnia

ပန်းသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်သည် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပြီး သွေးပေါင်ချိန်ကိုလည်း မှန်ကန်စေတဲ့အပြင် အသက်ရှုနှုန်းကိုလည်း ကောင်းမွန်စေပါတယ်။ အကျိုးဆက်အနေနဲ့ လျင်လျင်မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အချိန်ကြာကြာ အိပ်စက်အိပ်မောကျစေနိုင်ခြင်းပါပဲ။

ကန်စွန်းဥ

sweet potatoes for men with insomnia

ကန်းစွန်းဥပြုတ်ပဲဖြစ်ဖြစ်၊ ကန်းစွန်းဥမီးဖုတ်ပဲဖြစ်ဖြစ် ဘယ်လိုပဲစားသုံးပါစေ သင့်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ သူ့ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်များသည် မျက်စိကို မြန်မြန်အနားယူလို့ရအောင် မြန်မြန်အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ကန်စွန်းဥသည်လည်း ညအိပ်ရာဝင်ခါနီး စားသုံးပေးနိုင်တဲ့ သွားရေစာမုန့်တစ်မျိုးပဲဖြစ်ပါတယ်။

ကြက်ဆင်သား

turkey for men with insomnia

ကြက်ဆင်သားထဲတွင် Tryptophan လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ဓာတ်များ ပါဝင်ပါတယ်။ ထိုအမိုင်နိုအက်စစ်သည် ခန္ဓာကိုယ်ကို ငြိမ်းအေးစေပြီး စိတ်နှလုံး အေးချမ်းစေတာကြောင့် ညဘက် အိပ်မရတဲ့သူတွေအတွက် အကောင်းဆုံးအစားအစာတစ်ခုပဲဖြစ်ပါတယ်။

ပြောင်းဖူး

sweet corn for men with insomnia

ပြောင်းဖူးသည် Melatonin ဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ပြုလုပ်ထားတဲ့ သုတေသနတွေ့ရှိချက်အရ ပြောင်းဖူးကဲ့သို့ Melatonin ကြွယ်ဝသော အစားအစာများသည် အိပ်စက်မှုစက်ဝန်းကို မှန်ကန်အောင် ကူညီပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။

ကရိန်းဘယ်ရီသီးများ

cranberries for men with insomnia

လေ့လာတွေ့ရှီချက်များအရ ဗီတာမင်စီဓာတ် ချို့တဲ့သူများသည် အိပ်မရရောဂါကို ခံစားရလေ့ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကရိန်းဘယ်ရီသီးထဲမှာတော့ ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အပြင် အရသာလည်းရှိတာကြောင့် ကျန်းမာရေးအတွက် စားသုံးသင့်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

Source: Eatthis.com

Featured Image Source: Thegreatcoursesdaily.com