ခရမ်းသီးကို ကမ္ဘာတစ်ဝှမ်းစားသုံးကြတယ်။ ခရမ်းသီးတွေက အရောင်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးရှိကြတယ်။ ခရမ်းရောင်ကတော့ လူတွေစားသုံးမှုအများဆုံးဖြစ်ပြီး အနီ၊ အစိမ်းနဲ့ အနက်ရောင် ခရမ်းသီးတွေလည်း ရှိပါတယ်။ ခရမ်းသီးဟာ အရသာရှိရုံတင်မကပဲ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။

ဦးနှောက်ကျန်းမာရေး

Source: Appreciate

ခရမ်းသီးအခွံမှာပါတဲ့ nasunin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ဦးနှောက်ထဲကအဆီဓာတ်တွေကို ထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဝိတ်ကျစေတယ်

Source: FWD Life

ဝိတ်ချဖို့စဉ်းစားနေသူဖြစ်ရင် ခရမ်းသီးက အကူအညီပေးပါလိမ့်မယ်။ အမျှင်ဓာတ်များလို့ သင့်ကို အချိန်အတော်ကြာ ဗိုက်ပြည့်နေစေပြီး ကယ်လိုရီကလည်း နည်းပါတယ်။

နှလုံးကျန်းမာရေး

Source: OriGym

ခရမ်းသီးမှာ phytonutrients လို့ခေါ်တဲ့ နှလုံးကိုကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်မှုတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး သွေးကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြခဲ့ပါတယ်။

ခရမ်းသီးမှာ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုပမာဏလည်းနည်းပါးတာကြောင့် နှလုံးသွေးကြောပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ အဆီချေးတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

အရိုး

Source: Pressfrom

ခရမ်းသီးမှာ အရိုးကျန်းမာရေး အတွက် အရေးပါတဲ့ phytonutrients, သံဓာတ်, မဂ္ဂနီဆီယံ, နဲ့ ဗီတာမင် ကေတို့လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ကယ်လ်စီယမ်ကို ထိရောက်စွာအသုံးချနိုင်ဖို့ထောက်ကူပေးတာဖြစ်လို့ နောက်ဆုံးမှာ အရိုးသန်မာမှုကို အားပေးတာဖြစ်ပါတယ်။

အစာခြေစနစ်ကို ကောင်းစေတယ်

Source: Wel-Being-Secrets

ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ခရမ်းသီးတွေဟာ အစာခြေစနစ်အတွက်ကောင်းတာကြောင့် စားသင့်တဲ့အသီးဖြစ်ပါတယ်။ ခရမ်းသီးကို ချက်စား၊ မီးဖုတ်စား၊ ပေါင်းစားလို့ရပေမယ့် ကြော်စားရင်တော့ သတိပြုသင့်တာက ခရမ်းသီးက ဆီအရမ်းစုပ်ပါတယ်။