ကြော်စားစား ကင်စားစား တို့စရာအဖြစ်နဲ့ပဲစားစား အရသာရှိပြီး လူကြိုက်များတဲ့ အစားအစာတစ်ခုကိုပြောပါဆိုရင် ရုံးပတီသီးကမေ့ထားလို့မရတဲ့ စားစရာတစ်ခုဖြစ်ပါတယ်။ ရုံးပတီသီးဟာ အရသာရှိသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များလည်းပါဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းကြိုက်တဲ့ ရုံးပတီသီးစားပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source : Cyberspace And Time

နှလုံးကျန်းမာရေးကောင်းစေတယ် – ရုံးပတီသီးမှာ ကိုယ်လက်စထရောပါဝင်မှု မရှိသလောက်နည်းပါးပြီး pectin လို့ခေါ်တဲ့ဓာတ်က ခန္ဓာကိုယ်ကိုအကျိုးမပြုတဲ့ ကိုယ်လက်စထရောပမာဏကိုကျဆင်းစေပါတယ်။ ကိုယ်လက်စထရောကျဆင်းလာတာနဲ့အမျှ နှလုံးကျန်းမာရေးပိုမိုကောင်းမွန်လာပြီး နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါဖြစ်ပွားနိုင်ခြေလည်း လျော့ကျလာမှာဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ထိန်းညှိပေးတယ် – ဆီးချိုရောဂါသည်တွေအတွက် ရုံးပတီသီးက စားသုံးပေးသင့်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီးမှာ ခန္ဓာကိုယ်က သကြားဓါတ်စုပ်ယူမှုပမာဏကိုလျော့ချပေးတဲ့ အင်ဆူလင်ဓာတ်များပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်မတက်အောင် ထိန်းညှိပေးပါတယ်။ ဒါ့အပြင်ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် အစာခြေစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

ကင်ဆာရောဂါကိုတိုက်ထုတ်ပေးတယ် – သုတေသနပြုချက်များအရ ရုံးပတီသီးဟာ အခြား ဟင်းသီးဟင်းရွက်များနှင့် နှိုင်းယှဉ်လျှင် antioxidants ပါဝင်မှုပိုများပါတယ်။ Antioxidants က ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပြီး အမျိုးသမီးတွေစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာကဲ့သို့ ကင်ဆာဆဲလ်တွေကိုပါ တိုက်ထုတ်ပေးပါတယ်။

Food For Net

မျက်စိအားကောင်းစေတယ် – ရုံးပတီးသီမှာ ဗိုက်တာမင်အေ ဘီတာကာရိုတင်းဓါတ်တွေများစွာပါဝင်တာကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေပါတယ်။

ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတယ် – ရုံးပတီသီးမှာ ဗီတာမင်စီများစွာပါဝင်ပြီး ၎င်းက ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတာကြောင့် ဖျားနာခြင်းနှင့် သာမန်ကူးစက်ရောဂါများကို ကာကွယ်ပေးပါတယ်။ ရုံးပတီသီး ၄၀ ဂရမ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ဓာတ် ၄၀ ရာခိုင်နှုန်းကိုဖြည့်တင်းပေးပါတယ်။