မြန်မာနိုင်ငံမှာ နွယ်ချိုကို ဆေးဝါးဖော်စပ်တဲ့နေရာတွေမှာ အသုံးပြုကြတဲ့အပြင် ကွမ်းယာတွေမှာလည်း ထည့်သွင်းစားသုံးကြလေ့ရှိပါတယ်။ လူအများစုကတော့ နွယ်ချိုက သွားကျန်းမာရေးအတွက် ကောင်းတယ်လို့ပဲ ထင်ထားကြတယ်။ တကယ်တော့ နွယ်ချိုက တခြားကျန်းမာရေးပြသာနာ တော်တော်များများကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ ဒီနေ့တော့ နွယ်ချိုရဲ့ ဆေးဖက်ဝင်ပုံကို ပြောပြပေးသွားမှာပါ။

စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးတယ်

အကယ်၍သင်ဟာ မကြာခဏစိတ်ဖိစီးတက်သူဆိုရင် နွယ်ချိုကိုဆောင်ထားသင့်ပါတယ်။ ဆေးဖက်ဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်တဲ့ Molecular and Cellular Endocrinology ဂျာနယ်မှာ နွယ်ချိုက ခန္ဓာကိုယ်အတွင်းမှာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

အသက်ရှုကျန်းမာရေး

နွယ်ချိုကို ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ပန်းနာရင်ကျပ်ရောဂါ စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး အတွက်လည်းအသုံးပြုနိုင်တယ်လို့ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ Rebecca Park ကပြောထားပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

Food Chemistry ဂျာနယ်ရဲ့ဖော်ပြချက်အရ နွယ်ချိုမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ free-radical တွေက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်လို့ သိရပါတယ်။

ခံတွင်းအနာတွေ ပျောက်ကင်းစေတယ်

ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကို သုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင် အနာကျက်ခြင်းကို ကူညီအားပေးပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။

အသားအရေကျန်းမာရေးကို အထောက်အကူပြုတယ်

နွယ်ချိုက အသားအရေအတွက်လည်း ဆေးစွမ်းတစ်လက်ဖြစ်ပြီး နှင်းခူ၊ သဲဝဲနဲ့ ဆိုရီရေးစစ် တို့လို အရေပြားပြဿနာတွေကို ကုသရာမှာ အကျိုးကျေးဇူးရှိပါတယ်။ အရေပြားမှာ ရောင်ရမ်းမှုနဲ့ယားယံမှုကို သက်သာစေပြီး အသားဖြူစေတဲ့ အာနိသင်ရှိပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အရေပြားဓာတ်မတည့်မှုကို ကာကွယ်ပေးပြီး အသားအရေနီမြန်းမှုကို သက်သာစေပါတယ်။

Source: The Healthy