ဂီတဟာ လူရဲ့ စိတ်ကို ငြိမ်ဝပ်ချမ်းမြေ့စေတယ်လို့ ဆိုကြပါတယ်။ တကယ်က ဂီတဆိုတာ လူတစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအကျိုးများတဲ့ အနုပညာဆိုင်ရာဖန်တီးချက်တစ်ခုပါပဲ။ ဂီတနယ်ပယ်ထဲမှာ တူရိယာပစ္စည်းရာပေါင်းများစွာ ရှိကြပြီး ဘယ်လိုပဲ ဖြစ်ဖြစ် တူရိယာတီးခတ်မှုကနေ အခုပြောမယ့် ကျန်းမာရေးအကျိုးတွေ ပေးနိုင်ပါတယ်။
(၁) ကိုယ်ခံအားစနစ် တက်စေတယ်
Photo: Unsplash
Immune တုံ့ပြန်မှုကောင်းချင်ရင် တူရိယာတစ်ခုခုသာ အတီးသင်ပါတော့လို့ ပြောချင်ပါတယ်။ Live Science ဂျာနယ်ဆောင်းပါးတစ်ပုဒ်မှာဆို ဂီတူရိယာတီးခတ်ခြင်းဟာ လူ့ကိုယ်ခန္ဓာကို စွဲကပ်ပြီး ဒုက္ခပေးဖို့ ချောင်းနေတဲ့ ဗိုင်းရပ်စ်တွေကို ကန်ထုတ်မဘ့် ကိုယ်ခံအားပဋိပစ္စည်းတုံ့ပြန်မှု မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၂) စိတ်ဖိစီးမှု သက်သာစေတယ်
Photo: Unsplash
သီချင်းတွေ နားထောင်တာတောင် စိတ်ဖိစီးမှု လျော့ကျစေတာကြောင့် ကိုယ်တိုင် တီးခတ်သီဆိုခြင်းအားဖြင့် Stress ကို သိသိသာသာကြီး လျှော့ချပစ်နိုင်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဂီတတူရိယာတစ်ခုခု တီးခတ်ခြင်းအားဖြင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို Healthy Level ရောက်အောင်ပါ အလိုလို ချိန်ညှိပြီး ဖြစ်စေပါတယ်။
(၃) အကြားအာရုံ ပိုတက်လာတယ်
Photo: Unsplash
ကိုယ်တိုင်တူရိယာတွေကို တီးခတ်ရင်းနဲ့ သံစဉ်အနိမ့်အမြင့် စည်းချက်နဲ့ အတူ ချိန်ညှိမှုပိုင်းမှာ နားအလုပ်ပိုလုပ်ဖြစ်လာပါတယ်။ အသံတွေကို ခွဲထုတ်ပြီး နားထောင်တဲ့ အလေ့အကျင့်လုပ်ခြင်းအားဖြင့် သီချင်းနားထောင်တဲ့အရည်အသွေးတက်လာသလို ဆူညံတဲ့ ပတ်ဝန်းကျင်ထဲကနေ အသံနဲ့ သီချင်းကို ခွဲခြားနားလည်နိုင်စွမ်း ပိုတက်လာနိုင်တယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။
(၄) စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေးပိုကောင်းလာတယ်
Photo: Unsplash
Emotional ပိုင်းအရလည်း ဂီတတူရိယာတီးခတ်ခြင်းက ကျန်းမာရေးအကျိူးကျေးဇူးတွေ ပေးပါတယ်။ တူရိယာတစ်ခုခု တီးတယ်မှုတ်တယ်ဆိုတာ ကိုယ့်ရဲ့ ခံစားချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သီချင်းတွေ တီးရင်ခတ်ရင်းနဲ့ သူငယ်ချင်းသစ်တွေလည်း ရလာနိုင်လို့ လူမှုဆက်ဆံရေးအရပါ အဆင်ပြေပျော်ရွှင်ရတဲ့ အကျိုးကျေးဇူးရှိပါတယ်။
Featured Photo: Unsplash